Part20 🦋

11.4K 903 12
                                    

Unicode🦋

သူဝင်လာတာတွေ့တော့ အခန်းထောင့်လေးပြေးကပ်ကာ တဝူးဝူးတဝါးဝါးအော်နေတဲ့ကလေးငယ်

ဇယျာန်ပြုံးရင်း သူ့အနားလျှောက်သွားလိုက်ကာ
သူ့ပါးစပ်ကိုစည်းထားတဲ့ ပုဝါကိုဖြေပေးလိုက်ကာ

"ကလေးလေး အရမ်းမဆိုးနဲ့တော့ကွာ...ကိုယ်တောင်းဆိုတာကို..လက်ခံလိုက်ရင်ပြီးပြီလေ
ခုချိန်မင်းလူဓနမင်းယံလည်း ခေါင်းမီးတောက်နေလောက်ပြီ...လိမ်မာစမ်းပါကွာ..ဟွန်...''

သူ့ရဲ့ပါးလေးကို ကိုင်ဖို့ လက်လှမ်းလိုက်ချိန် တခြားဖက်ကို မျက်နှာလွှဲသွားတဲ့ကလေးကို
ကြည့်ရင်း ဇယျာန် နှစ်ခြိုက်စွာအော်ရယ်နေမိသည်

"ဟား..ဟား..မင်းလေးတော်တော်ပြောင်းလဲသွားတာပဲ...မင်းခေါင်းမာနေတဲ့အကျိူးဆက်က ဘာဖြစ်မလဲဆိုတာ မင်းကိုငါပြမယ်.."

သူ့ကိုနာကျင်စွာကြည့်နေရင်း ဘာတုံ့ပြန်မှုမှမရှိပဲ
မျက်ရည်တွေကျနေတဲ့ခလေးကို အတင်းဆွဲမပြီး
အပြင်ဘက်ခေါ်လာခဲ့လိုက်သည်

"ဟိုမှာကြည့်စမ်း...''

ဇယျာန်ညွှန်ပြတဲ့ဆီ ကိုးကြည့်လိုက်မိချိန် မြင်လိုက်ရတဲ့အရာတွေကြောင့် တုန်လှုပ်ပြီးလဲကျသွားကာ ငိုယိုနေရပြီ

"ခဗျား...ခဗျား..ကလေးတွေအပေါ်ဘာလို့အဲ့လိုလုပ်ရတာလဲ.. အီးဟီး...လွှတ်ပေးပါ...ကလေးတွေကြာကြာထားရင် သေကုန်လိမ့်မယ်.. အီးဟီး
ခဗျားကျနော့်ကိုကြိုက်သလိုလုပ်ပါ...အပြစ်မဲ့တဲ့ကလေးတွေကို.. ထိခိုက်မိအောင်မလုပ်ပါနဲ့..အီးဟီး..."

ငိုယိုပြီးပြောနေတဲ့ကလေးငယ်ရဲ့ ဆံပင်လေးတွေကိုဇယျာန်နမ်းရှိုက်လိုက်ရင်း သက်ပြင်းချလိုက်သည်

"ကိုယ်ပြောပြီးပြီလေ...မင်းကိုယ်နဲ့လက်ထပ်ရင်...ကိုယ်လွှတ်ပေးပါ့မယ်လို့ပြောထားတယ်လေကလေးရယ်..."

"ဟင်အင်း.. အီးဟီး..ခဗျားကိုကျနော်မချစ်ဘူး
ဦးကိုပဲချစ်တာ...ခဗျားကိုလက်မထပ်နိုင်ဘူး...အီးဟီး..."

ကလေးငယ်ပါးစပ်က ဦးဆိုတဲ့အသံကြားလိုက်ရတာမို့ဇယျာန့်ဒေါသတွေ တားမရဆီးမရ

Coe Coe🦋( Completed )Where stories live. Discover now