Unicode 🦋
ကိုးရဲ့နေ့ရက်တွေက အရင်ချိန်တွေလို ပြန်ပြီးနွေးထွေးလာခဲ့ရပြီ
ကိုးရဲ့မျက်နှာလေးလည်း အရင်အတိုင်းလေး
ပြန်ရခဲ့ပြီတစ်နေ့ထက်တစ်နေ့ ပိုပိုတိုးပြီး ချစ်လာတဲ့ ဦးရဲ့အချစ်တွေကြောင့် ကိုးမှာ အေးစက်သွားတဲ့နေ့ရယ်လို့မရှိ ပိုပိုပြီးသာရင်ခုန်လာခဲ့ရတယ်
အခုတော့ ကျန်ရှိတဲ့ သက်တမ်းတစ်လျှောက် ဦးနဲ့အတူ အချိန်တွေကုန်ဆုံးသွားသွားဖို့က ကိုးရဲ့တစ်ခုတည်းသောရည်ရွယ်ချက်လေး
"ဦး....'
"ဗျာ...''
"ကိုးလေ မဲလုံးလေးကိုအရမ်းလွမ်းတာပဲ...''
"ဂေဟာက ကလေးလေးပြောတာလား..''
"ဟုတ်...ကိုး ဂေဟာကို သွားချင်တယ် ဦးလိုက်ပို့ပေးပါလားဟင်..''
"အဲ့ဒါက ကလေးရဲ့မကောင်းတဲ့အတိတ်တွေရှိခဲ့တဲ့နေရာလေကလေးရယ်..ကိုယ့်ကလေးလေးကို
စိတ်ဒဏ်ရာပြန်မဆွချင်ဘူး...''"အဲ့ဒါကပြီးခဲ့ပါပြီဦးရဲ့...အခုကိုးအနားမှာ ဦးလည်းရှိနေတာပဲကို...လိုက်ပို့ပေးပါနော်..မဲလုံးလေးရောကိုးကို အရင်ကစောင့်ရှောက်ပေးခဲ့တဲ့ မေမေ့ကိုရော တွေ့ချင်လို့ပါ ဦးရယ်.. နော်...နော်... ''
နုနယ်လှတဲ့ ကလေးရဲ့ပါးပြင်လေးကို နစ်ဝင်သွားအောင်နမ်းရှိုက်လိုက်တဲ့မင်းယံ
"အွန်းပါကွာ...ကလေးလေးသွားချင်တယ်ဆို ကိုယ်လိုက်ပို့ပေးမယ်...''
"ရေး.... ဦးတကယ်ပြောတာနော်..''
"တကယ်ပါ ဗျာ...''
"အာ့ကြောင့် ဦးကိုအရမ်းချစ်နေရတာ..မွ..''
"ကိုယ်လည်းအရမ်းချစ်တယ်ကလေးလေး..''
ရင်ခွင်ထဲကကလေးလေးကို တင်းကျပ်စွာပွေ့ဖက်ထားလိုက်တဲ့မင်းယံက ဒီကလေးလေးလိုသမျှကိုဖြည့်ဆည်းပေးဖို့အသင့်
***********************
"သဲပေါက်လေး အနွေးထည်တွေရောပါရဲ့လား
လမ်းမှာအေးတယ်နော်..''"ပါပါတယ်မမရဲ့ သားအကုန်ထည့်ပြီးပြီး..''
"ဟုတ်ပါပြီရှင် ဂရုစိုက်နော်..''
YOU ARE READING
Coe Coe🦋( Completed )
Romanceရှင်သန်ခြင်းရဲ့အနှစ်သာရက ဘာလဲလို့အမေးခံရတဲ့အခါဦးရဲ့ အမည်နာမလေးကိုပဲရေရွတ်မိလိမ့်မယ်ဦးက 'ကိုး'ရဲ့ အရာရာ ရှင်သန်ခြင်းက ဘာလဲလို့အမေးခံရတဲ့အခါ ဦးရဲ့ အမည်နာမလေးကိုပဲရေရွတ်မိလိမ့်မယ် ဦးက 'ကိုး'ရဲ့ အရာရာ