Part19 🦋

10.6K 897 10
                                    

Unicode 🦋

"ကလေးလေး...ကိုယ်သွားတော့မယ်..အပြင်တွေမထွက်ရဘူးနော်...''

"ဟုတ်ကဲ့ပါ ဦးရဲ့ မှာနေတာလည်းထပ်နေပြီ..ကိုးတောင်အလွတ်ရတော့မယ်..."

စူပုပ်ပုပ်လေးပြောနေတဲ့ ကလေးငယ်ရဲ့နဖူးလေးကိုနမ်းရှိုက်လိုက်ရင်း

"မနက်ဖြန်ကျရင် ကိုယ်တို့ခရီးသွားလို့ရပြီ...ဒီနေ့တစ်ရက်လေးသည်းခံလိုက်နော်..."

"ကိုးကအဆင်ပြေပါတယ်ဦးရဲ့...ဦးသာ အလုပ်မှာစိတ်ဖြောင့်အောင်လုပ်နော်.. "

"ဟုတ်ပါပြီ ကိုယ့်ရဲ့မိန်းမလေးရယ်..ပြွတ်..အရမ်းချစ်တယ်.."

"ဦးကိုလည်း...အရမ်းချစ်တယ်... "

အလုပ်တစ်ခါသွားဖို့အရေး မပြီးစီးနိုင်လောက်အောင် အဖြစ်သည်းနေကြတဲ့ ၂ ယောက်ကို
ကြည့်ပြီးမဲ့ရွဲ့နေတဲ့ပိုးသား.

"ခွီ.."

ပိုးသားကိုကြည့်ပြီး ခွီ ခနဲထရယ်လိုက်တဲ့ မိုးဝေ

"ဟွန့်.. ကိုကိုလေး ကဘာရီတာလဲ..."

ဒါကိုကြားတော့ ရန်တွေ့လာတဲ့သဲပေါက်လေး

"အဟမ်း.. ဘာမှဟုတ်ပါဘူးကွာ..ကိုယံနောက်ကျနေပြီ..သွားရအောင်လေ.. "

မိုးဝေကပြောလိုက်မှ နာရီကိုကြည့်လိုက်ပြီး

"ကလေးလေး...ကိုယ်သွားတော့မယ်နော်.."

"ဟုတ်ကဲ့ ဦး .."

မျက်စိရှေ့ကနေ ကားလေးပျောက်သွားသည်ထိ ကိုးငေးကြည့်နေမိတယ်

"ကဲ....သဲပေါက်လေး..ကားလည်းထွက်သွားလို့
အစတောင်မတွေ့ရတော့ဘူး...အထဲဝင်ရအောင်လေ.. "

"ဟုတ်ကဲ့မမ..."

ကိုးရဲ့ လေးလံနေတဲ့စိတ်ကြောင့် တစ်မနက်လုံးမပျော်နိုင် ဒါကြောင့် အပေါ်ထပ်တတ်လာပြီး
အိပ်ရာထဲမှာသာခွေနေလိုက်တာ်

ဝင်လာတဲ့ ဖုန်းနံပါတ်တစ်ခုကြောင့် ကိုးတုံ့ဆိုင်းနေခြင်းမရှိချက်ချင်းကောက်ကိုင်လိုက်တော့

"သားလေး...သားလေးကိုးကိုး..မေမေကြီးတို့ကိုကယ်ပါအုံးကွယ်...အီးဟီး...''

Coe Coe🦋( Completed )Donde viven las historias. Descúbrelo ahora