Part 1 🦋

27.3K 1.6K 8
                                    

Unicode 🦋

"မင်းနာမည် ဘယ်သူလဲ..."

တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခန်းကျယ်ကြီးထဲမှာစတင်ဖြိုခွဲထွက်လာတဲ့ အေးစက်စက်အသံတစ်ခု

အမေးကိုအဖြေပြန်မလာဘဲ သူ့ရှေ့မှာဒူးလေးထောက်ထားပြီးခေါင်းကိုကြမ်းကျွံမတတ်ငုံ့ထားကာ မျက်ရည်တွေဝဲလာတဲ့ကလေးငယ်

"မင်းနာမည် ဘာလဲလို့ငါမေးနေတယ်လေ.. နားမပါဘူးလား..ဟမ်.."

ကျယ်လောင်တဲ့အသံထွက်လာမှ ကိုယ်လေးတုန်တတ်သွားတဲ့ကလေးငယ်ရဲ့ မျက်နှာထက် စိုးရိမ်မှုနဲ့ကြောက်ရွံ့မှုတို့ကအထင်းသား

"သားနာမည် ကိုးကိုးပါဦး..."

မျက်ရည်စလေးတွေနဲ့ ဖြေလာတဲ့ကလေးငယ်ကြောင့် အလိုမကျစွာတွန့်ကွေးကုန်သည့်မျက်ခုံးအစုံ

"မင်းငါ့အိမ်ရောက်နေတာ၂ ရက်ရှိနေပြီ...အခုကမိုးချုပ်နေပြီဆိုတော့ မနက်ရောက်တာနဲ့ပြန်တော့..မင်းမိဘတွေစိတ်ပူနေလိမ့်မယ်..."

နှင်လွှတ်တဲ့အသံကြားတော့ ချက်ချင်းခေါင်းလေးထောင်လာတဲ့ကလေးငယ်မှာ အထိတ်ထိတ်အပျာပျာ

"သားကိုပြန်မလွှတ်ပါနဲ့နော်...သားမှာသွားစရာနေရာရော မိသားစုရောမရှိလို့ပါ...သားကိုဒီမှာနေခွင့်ပေးပါနော်.. သားတောင်းပန်ပါတယ်..အီးဟီး..."

ပြောရင်းတအီအီနဲ့ငိုလာတဲ့ကလေးငယ်ကြောင့် စိတ်ရှုပ်ထွေးစွာ သက်ပြင်းသာချလိုက်မိသည်

"မင်းက ဘယ်လိုလူမှန်းမသိဘဲ ငါကနေခိုင်းရမှာလား နောက်ပြီး မင်းကလူကောင်းတစ်ယောက်ဖြစ်နိုင်လို့လား "

"သားလူကောင်းပါ..သားကိုယုံပေးပါနော်..."

ဒီကလေးငယ်ဆီက စကားကြားတော့ ဓနမင်းယံတစ်ယောက် ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်

"အဟွန်း လူကောင်းတဲ့လား မင်းငါ့အိမ်ကိုရောက်တဲ့နေ့ ကသတိမေ့နေလို့ ဆရာဝန်ခေါ်ပြလိုက်တာ မင်းကိုယ်ထဲမှာမူးယစ်ဆေးတွေသုံးထားတဲ့အဖြေကိုတွေ့ရတယ်လေ အဲ့ဒါကရော မင်းဘယ်လိုဖြေရှင်းမလဲ..."

မင်းယံစကားကြောင့် အလန့်တကြားဖြစ်သွားတဲ့ ကလေးငယ်မှာ တုန်ယင်လျက်သား

Coe Coe🦋( Completed )Donde viven las historias. Descúbrelo ahora