Part16 🦋

12.2K 958 13
                                    

Unicode 🦋

"တောက်...စောက်ရေးမပါလိုက်တာ အဲ့ဒီကောင်တွေကိုသေချာဂရုစိုက်နေဖို့ မင်းမမှာလိုက်ဘူးလား"

ဇယျာန်ရဲ့စကားတွေကို ခေါင်းငုံ့ပြီးနားထောင်နေတဲ့မြတ်ခေါင်မှာလည်း ကြောက်ရွံ့စွာနဲ့သာ

"ဓနမင်းယံရဲ့လူတွေပြင်ဦးလွင်မှာရှိနေမှန်း..ကျနော်လည်း မသိလိုက်လို့ပါ..boss.. ''

"အေ..အဲ့ဒီမသိလိုက်တဲ့အတွက်ကြောင့် အခုဘာတွေဖြစ်ကုန်ပြီလဲ...စီးပွားရေးလုပ်နေတာ ကလေးကစားပွဲလုပ်နေတာမဟုတ်ဘူး...ဆုံးရှူံးသွားတဲ့တန်ဖိုးဘယ်လောက်များလဲဆိုတာမင်းသိလား"

"ကျနော်တောင်းပန်ပါတယ် boss..''

"တောက်...ဓနမင်းယံ ကျုပ်ကသတိတစ်ချက်လွတ်လိုက်တာနဲ့ခဗျားက..ချက်ချင်းတိုးဝင်ဖျက်ဆီးပစ်တာပါလား..."

ဇယျာန်ရဲ့ဒေါသမီးတို့ အရှိန်ပြင်းပြင်းတောက်လောင်နေခဲ့သည်

"ကိုယံ..ရောင်နီတို့အားလုံး အဆင်ပြေအောင်လုပ်နိုင်ခဲ့တယ်..."

မိုးဝေစကားနားထောင်ပြီး မင်းယံနှစ်ခြိုက်စွာပြုံးလိုက်သည်

"ဇယျာန်မင်းသစ် ဒီအချိန်ဆို အဲ့ဒီကောင်တော်တော်တွေးပျက်နေလောက်ပြီ..."

အပျော်တွေနဲ့ပြည့်နေတဲ့မင်းယံမျက်နှာထက်
ကျေနပ်မှုတို့ အထင်းသားနှင့်သာ

************************

"ပေါက်စလေး...အဲ့ဒီဘက်မပြေးရဘူးလေ..ဒီဘက်ပြန်လာခဲ့..."

ခြံပြင်ဘက်ကို ပြေးသွားတဲ့ခွေးပေါက်လေးနောက်ကိုလိုက်ရင်း ခေါ်နေတဲ့ကလေးငယ်

"အ..."

ရုတ်တရက်လဲကျသွားတာကြောင့် သူ့ဒူးခေါင်းမှာပွန်းသွားတဲ့နေရာလေးကိုကြည့်ပြီး မျက်နှာလေးမဲ့သွားရပြီ

"အာ...ပွန်းသွားပြန်ပြီ...ဦးပြန်လာရင်အဆူခံရတော့မှာပဲ..ဟင်...ပေါက်ပေါက်လေး ဘယ်ရောက်သွားပြီလဲ..."

ကိုးငယ်လေး ထရပ်လိုက်ကာ ခွေးပေါက်လေးကိုရှာဖို့ခြံပြင်ဘက်ကိုထွက်လာခဲ့လိုက်သည်

"ဟင်..."

အပြင်ဘက်ကိုရောက်လာချိန် ခွေးပေါက်လေးကို ပွေ့ချီထားတဲ့လူကြောင့် ကိုးငယ်တုန်လှုပ်သွားမိတယ်

Coe Coe🦋( Completed )Wo Geschichten leben. Entdecke jetzt