Part 10

481 32 2
                                    

ဖုန်းမျက်နှာပြင်ရှိ ဘေးစောင်းလေးရိုက်ထားတဲ့ဘေဘီလေးရဲ့ဓာတ်ပုံကိုကြည့်ရင်းKokiလမ်းပျောက်နေမိသည်။ယောက်ျားလေးတစ်ယောက်ဖြစ်တဲ့ဘေဘီလေးကိုသာ ချစ်တယ်လို့ဖွင့်ပြောလိုက်ရင် ပြန်ရမည့်တုန့်ပြန်မှုအတွက် စိုးရိမ်ခဲ့ဖူးသည်။

Kokiမထင်ထားခဲ့မိဘူး။ဘေဘီလေးမှာ ချစ်နေတဲ့သူရှိနေလိမ့်မယ်လို့။နောက်ပြီး ဘေဘီလေးချစ်နေတဲ့သူက ယောက်ျားလေးတစ်ယောက်။ပိုပြီးတိကျအောင်ပြောရရင် Kokiရဲ့အချစ်ဆုံးသူငယ်ချင်း။

မနေ့ကစားသောက်ဆိုင်ထဲမှာ ဘေဘီလေးItsukiကိုကြည့်နေတဲ့မျက်လုံးတွေကြောင့် ဘေဘီလေးသူ့ကိုချစ်နေတယ်ဆိုတာKokiသိလိုက်ရသည်။Itsukiနဲ့Amiနမ်းနေတာကိုကြည့်တဲ့ဘေဘီလေးရဲ့မျက်ဝန်းတွေမှာ နာကျင်မှုတြွေမင်နေရသည်။တူကိုတုန်ယင်စွာကိုင်နေခဲ့တဲ့ဘေဘီလေးကြောင့် Kokiနှလုံးသားတွေ စုတ်ဖြဲခံရသလို ခံစားရသည်။

အခုKokiအဖြစ်က ထီပေါက်ပြီးမှထီလက်မှတ်ပျောက်သွားသည့်အဖြစ်နဲ့တူနေသည်။ဘေဘီလေးချစ်နေတဲ့သူက ယောက်ျားလေးတစ်ယောက်ဖြစ်နေပေမယ့် ကိုယ်တော့ဖြစ်မနေခဲ့ဘူး။

ဘေဘီလေးကို ဖွင့်ပြောဖို့အတွက် အရင်ထက်တောင် ပိုပြီးခက်ခဲသွားသည်ဟု ထင်နေမိသည်။Koki ဘေဘီလေးကို အချစ်ရဆုံးသူငယ်ချင်းဆီက လုယူသလိုများဖြစ်နေသလား။
ဟင့်အင်း မဟုတ်ဘူး။
သူတို့ကချစ်သူတွေမှ မဟုတ်ကြပဲ။Itsukiမှာက Amiရှိတယ်လေ။အဲ့တာကKokiအတွက်အဆင်ပြေလားမသိပေမယ့် ဘေဘီလေးအတွက်နာကျင်ရလိမ့်မည်။

နှင်းမုန်တိုင်းက ပိုပြီးသည်းထန်လာသည်။ဂရုတစိုက်နေဖို့အတွက် ဘေဘီလေးကိုဖုန်းဆက်ပြောချင်ပေမယ့် ဘေဘီလေးလိုချင်တာ ကိုယ့်ဆီကဂရုစိုက်မှုမဟုတ်မှန်းသိနေတော့။နာကျင်ရသည်။

တံခါးခေါက်သံမကြားရဘဲ တံခါးဖွင့်သံသာ ကြားလိုက်ရတာကြောင့် မေမေဝင်လာတာမှန်း Kokiသိလိုက်ရသည်။

*သား မနေ့ကမနက်အပြင်ကပြန်လာပြီးက အခန်းထဲမှာပဲ နေနေတာ
ဘာဖြစ်တာလဲသား*

*ရတယ်မေမေ ကျွန်တော်ဘာမှမဖြစ်ဘူး*

*ဒီကလေးလိမ်နေပြန်ပြီ*

အခုကစပြီး/အခုကစၿပီး (completed)Where stories live. Discover now