Part 14(uni)

581 55 0
                                    

လေးလေးနဲ့မနက်စာ စားပြီးတဲ့နောက်မှာ Itsukiနဲ့အတူအလုပ်သွားဖို့အတွက် နော်တတ်ကြွနေသည်။အတူအလုပ်သွားတယ်ဆို တာ နော်အလုပ်လုပ်နေတာမဟုတ်ရပါ။သူအလုပ်လုပ်တဲ့နေရာထိ နော်မနက်တိုင်းလိုက်ပို့ခြင်းဖြစ်သည်။အစကတော့ မကြိုက်ဘူးပြောပေမယ့် မောသွားလို့ထင်သည်။နော်ဘာလုပ်လုပ် ဘာမပြောတော့။
အော် တစ်ခုတော့ပြောတာပေါ့။
မင်းကိုပြောလည်း မြင်းကိုဘုရားစာရွတ်ပြသလိုဖြစ်နေလို့ ဘာမပြောတော့ဘူးတဲ့လေ။
နေ့လယ်ဆိုလည်းသူလာတဲ့အထိစောင့်နေမယ်ဆိုတဲ့နော့်စကားကြောင့် နော်နဲ့သူထမင်းအတူစားဖြစ်သည်။

"နော်လေးကတော့မနက်တိုင်းတတ်ကြွနေတာပဲကွာ
ဘာလဲ ဂျပန်မလေးတွေနဲ့ rs ချိတ်နေတာလား"

ရှေ့တိုက်ခန်းက ဂျပန်၊မြန်မာ ကပြားလေးနဲ့ rs ချိတ်ချင်နေကြောင်းတော့ လေးလေးကိုပြောမပြတော့ပါ။

"မဟုတ်ပါဘူးလေးလေးရဲ့
မိန်းကလေးတွေနဲ့ rs ချိတ်စရာလား
ကျွန်တော်ချစ်တဲ့မိန်းကလေးက ကမ္ဘာမှာသက်တန့်ဖြူဆိုတဲ့ မမတစ်ယောက်တည်းဘဲ"

နော်အရင်က အဲ့စကားကို ရဲရဲမပြောရဲပေမယ့် ခုတော့ပြောရဲသွားပြီ။နော်ချစ်နေတာ မိန်းကလေးမှမဟုတ်ဘဲ။ ဟိဟိ

"အေးပါကွာ စောင့်ကြည့်ရသေးတာပေါ့"

"စောင့်ကြည့်ပါဗျာ"

လေးလေးနဲ့စနောက်ပြီး နော်တိုက်ခန်းအပြင်ဘက် ထွက်လာလိုက်သည်။ခဏကြာတော့ သူလည်းထွက်လာသည်။

Itsukiဒီနေ့လည်း လှေကားထိပ်မှာနော့်ကိုတွေ့ရပြန်သည်။သူထွက်လာတာမြင်တော့ ဆွေ့ခနဲသူ့နားရောက်လာသည်။
နော့်ကိုမြင်ရတာသဘောကြပေမယ့် အကျင့်ပါနေတာကြောင့် သက်ပြင်းချမိသည်။

"သက်ပြင်းမချပါနဲ့ ငါ့​ကောင်လေးရ
အသက်တိုတတ်တယ်"

"အဲ့တော့ မကျေနပ်ဘူးလား"

"အင်း တကယ်လို့ ငါ့ကောင်လေးများအသက်တိုခဲ့ရင်
ငါသေမင်းနဲ့စစ်ခင်းနေရလိမ့်မယ်"

နော်နဲ့စကားနိုင်လုပြီးမပြောနိုင်တာကြောင့် ခေါင်းကိုသာ ဘယ်၊ညာ ခါယမ်းလိုက်သည်။
နော်ကသူ့ကိုချစ်တယ်လို့ပြောပေမယ့် ချစ်လားလို့တော့မ​မေးပါ။​မေးခဲ့ရင်လည်း သူ့မှာအဲ့အတွက်ဖြေစရာမရှိပါ။ဒီအခြေအနေလေးကိုတော့ သူသဘောကျမိတာအမှန်။

အခုကစပြီး/အခုကစၿပီး (completed)Where stories live. Discover now