တစ်ခြားသူတစ်ယောက်၏အခန်းတွင်းသို့မဝင်မှီ တံခါးခေါက်ရမည်မှာယဥ်ကျေးမှူဖြစ်သော်လည်း နော်ကမူတံခါးမခေါက်ဘဲ အခန်းတံခါးအားဖြေးညှင်းစွာဖွင့်လိိုက်သည်။ လောကမှာသတ်မှတ်ထားတဲ့စည်းကမ်းအားလုံးကိုလိုက်နာဖို့ရာ သူဆိုတာနော့်အတွက်တခြားသူတစ်ယောက်မှမဟုတ်ဘဲလေ။
ခုတင်ပေါ်မှာမှီလျက်စာအုပ်ဖတ်နေသည့်သူက နော့်ကိုမြင်တာနဲ့ ဖတ်လက်စစာအုပ်ကိုဘေးသို့ချပြီး ဖက်ထားသည်ခေါင်းအုံးကိုပါပစ်ချလိုက်သည်။
"ဘေဘီလေး"
နော်ခုတင်ပေါ်မှာ ဘေးစောင်းဝင်ထိုင်လိုက်တော့ နောက်ကသိုင်းဖက်လာသည်။ နော့်ညာဖက်ပခုံးပေါ်မှီတင်ထားသည့်သူခေါင်းရှိရာကို နော်အနည်းငယ်မော့ကြည့်လိုက်သည်။
"မင်းခုနောက်ပိုင်း ငါ့ကိုအရမ်းအသားယူနေတာမဟုတ်လား"
သူ့အပြုအမူကိုသဘောကြနေသည့်စိတ်ကိုမနည်းထိန်းရင်း ခပ်တည်တည်လေသံလုပ်ယူကာနော်ပြောလိုက်တော့ ခါးပေါ်ကလက်တစ်စုံက ပိုမိုတင်းကျပ်လာသည်။
"ချစ်တယ်... ငါ့ရဲ့ဘေဘီလေး"
အသက်ရှူသံခပ်နွေးနွေးက နော့်လည်ပင်းထက်ကျီဆယ်နေသည်။ ချစ်မိသွားသည့်အချိန်မှာ ထိုလူသားနဲ့ပတ်သက်သမျှအရာရာတိုင်းကို နော်မြတ်နိုးရသည်။
"အလိုချင်ဆုံးဆိုပေမယ့် တစ်ဖက်မှာလည်းမမျှော်လင့်ရဲခဲ့ဘူး အခုလိုမျိုးမင်းနဲ့အတူရှိနေဖို့ကို"
ပုံမှန်မဟုတ်တဲ့အသံနေအသံထားကြောင့် ဖက်တွယ်နေတဲ့သူ့လက်ကြားကရုန်းထွက်ပြီး သူနဲ့မျက်နှာချင်းဆိုင်လိုက်သည်။ ဝေ့ဝဲနေပြီဖြစ်တဲ့ သူ့မျက်ဝန်းအိမ်ထဲရှိအရည်ကြည်တို့ကြောင့် နော်အနည်းငယ်တော့လန့်သွားသည်။
"မင်းရဲ့မျက်လုံးတွေကို စိတ်ချလက်ချမှိတ်လိုက်လို့ရတယ်Koki
မင်းနိုးလာတဲ့အချိန်တိုင်း... ငါဘေးနားမှာရှိနေမှာ"ချစ်ရသူရဲ့လက်နှစ်ဖက်ကို နော်တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။
"ဒီတစ်ခုကို မင်းယုံကြည်ထားလိုက်
နော်ထက်မင်းက Kokiရဲ့အပိုင်"
CZYTASZ
အခုကစပြီး/အခုကစၿပီး (completed)
LosoweUnicode သူ့ကိုပေးတဲ့အချစ်နဲ့ သူ့ဆီကပြန်ရတဲ့အချစ် တိုက်ရိုက်အချိုးမကျတဲ့အခါ အဲ့ဒီ့အချစ်ကို ခေါင်းစဥ်တပ်ကြတယ် တစ်ဖက်သတ်တဲ့ Zawgyi သူ့ကိုပေးတဲ့အချစ်နဲ့ သူ့ဆီကပြန်ရတဲ့အချစ် တိုက်ရိုက်အချိုးမကျတဲ့အခါ အဲ့ဒီ့အချစ်ကို ခေါင်းစဉ်တပ်ကြတယ် တစ်ဖက်သတ်တဲ့