Part 21

354 23 2
                                    

*နှင်းဆီတွေ အကုန်လုံးက ဘာလို့အဝါရောင်ဖြစ်နေတာလဲ*

ခြံထဲဆင်းလမ်းလျောက်ရင်း နှင်းဆီပန်းခင်းနားရောက်တော့ ဘေဘီလေးက ရပ်မေးလိုက်သည်။

*မေမေက အဝါရောင်နှင်းဆီဆို အရမ်းကြိုက်တာလေ
ဒီနှင်းဆီတစ်ခင်းလုံးက ဖေဖေကမေမေ့အတွက် သူကိုယ်တိုင်စိုက်ပေးထားတာ
အလုပ်သမားတွေကိုတောင် ခိုင်းတာမဟုတ်ဘူး*

နှင်းဆီပန်းအဝါလေးတစ်ပွင့်ကို သူခူးယူပြီးဘေဘီလေးကိုပေးလိုက်သည်။

*ပန်းပေးရအောင် ငါကမိန်းကလေးမှမဟုတ်တာ မယူပါဘူး*

နော်အရင်တည်းက ပန်းတွေကိုသဘောကြတဲ့လူထဲမှာမပါ။ခုလို ပန်းပေးခံရခြင်းက မိန်းကလေးဆန်သည်ဟု ခံစားရတာကြောင့် မနှစ်သက်။

*မဆိုင်ပါဘူးကွာ မိန်းကလေးပဲ ပန်းကြိုက်ရမယ်လို့ ဘယ်သူပြောလဲ
အရောင်အသွေးအစုံနဲ့ သင်းပျံ့တဲ့ရနံ့ အမျိုးမျိုးရှိတဲ့ ကမ္ဘာပေါ်က ပန်းတွေအားလုံးက မိန်းကလေးတွေအတွက် သီးသန့်ပွင့်ဖူးနေကြတာမှ မဟုတ်တာ

မင်းကြားဖူးလား နှင်းဆီပန်းတစ်ပွင့်က မြင်မြင်ချင်းအချစ်ကို ရည်ညွှန်းတယ်တဲ့
ငါပေးတဲ့ပန်းကိုယူပါကွာ နောက်ပြီးငါ့အချစ်ကိုလည်းမငြင်းဆန်ပါနဲ့*

အညိုနုရောင်မျက်ဝန်းတွေထဲက မျှော်လင့်ချက်ရောင်ခြည်တွေကို နော်မဖျက်စီးရက်ပါ။သူပေးတဲ့ပန်းကိုယူလိုက်တော့ သူ့မျက်နှာမှာ အပြုံးလေးတွေ တောက်ပလာသည်။
သူပေးတဲ့ပန်းကို သူ့နားရွက်ကြားထဲ ထိုးစိုက်လိုက်သည်။

*ဟာ ဘာလုပ်တာလဲ*

*မင်းပဲပြောတာလေ ပန်းတွေကမိန်းကလေးတွေအတွက်ပဲ မဟုတ်ဘူးဆို
အာ့ကြောင့် မင်းကိုပန်းပန်ပေးတာ*

*ရတယ်လေ အဲ့လိုဆိုတော့ ငါလည်းမင်းကို ပန်းပြန်ပန်ပေးရမှာပေါ့*

*မလုပ်နဲ့နော်*

*အဲ့လိုရကြေးလား*

ရှေ့ကပြေးနေတဲ့နော့်နောက်ကို Kokiကအဝါရောင်ပန်းတစ်ပွင့်ကိုင်ပြီး လိုက်ဖမ်းနေသည်။နှစ်ယောက်လုံးရဲ့ မျက်နှာမှာ ဘာအပူအပင်မှမရှိ။နှင်းဆီပန်းခင်းထဲမှာ ကလေးတွေသဖွယ် ပတ်ပြေးနေသည်။

အခုကစပြီး/အခုကစၿပီး (completed)Opowieści tętniące życiem. Odkryj je teraz