ချုပ်လက်စအင်္ကျီကို Chizuလက်စသတ်ပြီးနောက် တစ်ဖက်စားပွဲဝိုင်းက Amiရှိရာကို သွားလိုက်သည်။
*ရလား နင်နားလိုက်လေ ငါဆက်ချုပ်လိုက်မယ်*
*အဲ့တာဆိုလည်း ကျေးဇူးပါ*
အားတင်းပြီးပြုံးတဲ့ အပြုံးတစ်ခုကိုဆင်မြန်းပြီး နေရာကထသွားတဲ့Amiကိုကြည့်ပြီး Chizuသက်ပြင်းချမိသည်။ချက်ချင်းဆိုသလိုဘဲ မဲ့ပြုံးတစ်ခုက သူမမျက်နှာထက်မှာ နေရာယူလာသည်။
*ငါအဆင်မပြေဘူးChizu*
သံရှည်ဆွဲပြီးပြောလိုက်တဲ့ Amiအသံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
*ဟိုနေ့က ငါသူ့ကိုလမ်းမှာတွေ့လိုက်တယ်
သူပြန်ရောက်နေပြီသိလား...
ဘယ်ချိန်တည်းက ပြန်ရောက်နေလဲဆိုတာတော့ ငါမသိဘူး ဘာလို့ဆို... သူကပြန်ရောက်နေတာတောင် ငါ့ကိုပြောမပြဘူးလေ**Ami...*
ပါးပြင်ပေါ်က မျက်ရည်စက်တွေကို သတိမထားမိလောက်တဲ့အထိ Amiပုံက စိတ်နဲ့လူမကပ်စွာ။
*သူ့ဆီက ချစ်တယ်ဆိုတဲ့စကားကိုကြားရဖို့ ငါအရမ်းမျှော်လင့်ခဲ့တာ
ခေါင်းစဥ်တပ်လို့မရတဲ့ ဆက်ဆံရေးတစ်ခုအောက််မှာ ငါ့အချစ်ကသစ္စာရှိခဲ့ပါတယ်**ဒီရက်တွေနင်အဆင်ပြေနေရဲ့သားနဲ့
ဘာလို့လဲ သူတစ်ခုခုပြောလိုက်လို့လား**တိုကျိုမသွားခင်နေ့တည်းက သူပြောဖို့ကြိုးစားခဲ့ပါတယ်
ငါနားမထောင်နိုင်ဘူးChizu...
သူနော့်ကိုချစ်တာငါသိပါတယ် ဒါပေမယ့်... ဘယ်လိုလုပ်... ငါချစ်တဲ့သူက တစ်ခြားတစ်ယောက်ကိုချစ်တယ်ပြောတာ... ငါဘယ်လိုနှလုံးသားနဲ့ခံနိုင်ရည်ရှိမှာလဲ*Amiမျက်ရည်တွေကို အားနာမိပေမယ့် Itsukiချစ်တဲ့သူက နင်မဟုတ်တဲ့အတွက် ငါကျေနပ်တယ်Ami။နင်ချစ်တဲ့သူနဲ့ကွဲအောင်လုပ်ရရင် ငါစိတ်မကောင်းဖြစ်မိမယ်ထင်တယ်။ခုတော့ နင်စိတ်ချပါ။
နင်ချစ်တဲ့သူကိုလည်း သေသွားစေချင်ပေမယ့် လူသတ်ရလောက်တဲ့ထိတော့ ငါသတ္တိမရှိဘူး Itsuki...
ဟက်... နင်ကံကောင်းသွားတာပေါ့။
~~~~~#####~~~~~
အကြိမ်ပေါင်းများစွာတွေ့ဖူးတဲ့ဆာကူရာတွေက ဒီနှစ်ပိုလှနေသည်ဟု ထင်မိသည်။အကြောင်းက... ဘေးနားမှာရှိတဲ့နော့်ကြောင့်လို့ပြောရင် သူအရမ်းပိုသွားမလား။ချစ်ရသူနဲ့အတူရှိနေတဲ့အခါ မြင်နေရတဲ့အရာတိုင်းက လှပလာတယ်ဆိုတဲ့စကားကို သူခုတော့လက်ခံမိပြီ။
ESTÁS LEYENDO
အခုကစပြီး/အခုကစၿပီး (completed)
De TodoUnicode သူ့ကိုပေးတဲ့အချစ်နဲ့ သူ့ဆီကပြန်ရတဲ့အချစ် တိုက်ရိုက်အချိုးမကျတဲ့အခါ အဲ့ဒီ့အချစ်ကို ခေါင်းစဥ်တပ်ကြတယ် တစ်ဖက်သတ်တဲ့ Zawgyi သူ့ကိုပေးတဲ့အချစ်နဲ့ သူ့ဆီကပြန်ရတဲ့အချစ် တိုက်ရိုက်အချိုးမကျတဲ့အခါ အဲ့ဒီ့အချစ်ကို ခေါင်းစဉ်တပ်ကြတယ် တစ်ဖက်သတ်တဲ့