ဘေဘီလေးအိမ်မှာ တစ်နေ့ခင်းလုံးနေပြီးနောက် Koki ဘေဘီလေးအိမ်မှပြန်လာခဲ့သည်။အိမ်ကိုတော့ မဟုတ်ပါ။မျက်နှာချင်းဆိုင်တိုက်ခန်းက Itsukiဆီကိုသာဖြစ်သည်။ဘေဘီလေးကသူ့ဆီမှာ ညအိပ်ဖို့ပြောပေမယ့် လေးလေးကသဘောမကျသည့်ပုံရတာကြောင့် Itsukiဆီကိုသာလာခြင်းဖြစ်သည်။အလာတုန်းကတော့ ဘေဘီလေးကိုတွေ့ချင်စိတ်ပြင်းပြနေတာကြောင့် ဘာကိုမှမမှူဘဲလာခဲ့ပေမယ့် ခုချိန်သာအိမ်ပြန်မယ်ဆိုရင် တစ်ကိုယ်လုံးမှာရှိတဲ့သွေးအားလုံးအေးခဲသွားမည်ဟု ခံစားရသည်။
*မင်းကလည်းကွာ ခုတင်ပေါ်လာစမ်းပါ
ဒီလေါက်အေးနေတာ နှစ်ယောက်အိပ်တော့နွေးတောင်နွေးသေးတယ်**တော်စမ်းပါ*
*အေး ငါသိချင်တယ်သိလား
မင်းအဲ့လိုအမြဲလုပ်နေတာ
Amiနဲ့ယူပြီးရင်ရော ဘာလဲ
နှစ်ယောက်မအအိပ်တတ်လို့ဆိုခွဲအိပ်မှာလား ငါတော့မထင်ပါဘူး**အိပ်စရာရှိတာအိပ်*
*အေးပါကွာ
မင်းခုတင်ပေါ်မင်းပဲအိပ်လိုက်
ငါဆိုဖာပေါ်မှာအိပ်မယ်**တကယ်လား ငယ်ငယ်တည်းကအိမ်လာအိပ်တဲ့နေ့ဆို ငါ့ခုတင်ကိုအပိုင်စီးတဲ့လူရဲ့စကားပေါ့လေ*
*ခွေးကောင်လေး စေတနာနဲ့လည်းပြောရသေးတယ်*
*အပိုတွေမပြောနဲ့တော့Koki
အိပ်စရာရှိတာအိပ်တော့**အေးပါကွာ*
Kokiကိုယ့်ကိုကိုယ် အပြစ်ရှိသည်ဟုခံစားနေရသည်။ဘေဘီလေးချစ်တဲ့သူကဘယ်သူလဲဆိုတာ Itsukiကိုပြောပြသင့်လား။သူသာပြောပြလိုက်ရင် အဲ့တာက ဘေဘီလေးရဲ့သိက္ခာကိုစော်ကားသလို ဖြစ်သွားမှာလား။ငယ်ငယ်တည်းက ဘာကိစ္စရှိရှိ အမြဲတမ်းItsukiကိုပြောပြနေကြဖြစ်သည်။ခုမှသူ့ကိုပြောမပြရသေးသည့်ကိစ္စတစ်ခု ရှိနေသည့်အတွက် ကိုယ့်ကိုကိုယ်မလုံမလဲ ခံစားနေရသည်။ပြောပြလိုက်ရင်ရောဘာထူးသွားမှာလဲ။Itsukiကဘေဘီလေးကိုပြန်ချစ်မှာမှမဟုတ်ဘဲ။မပြောပြတာက အကောင်းဆုံးမဟုတ်လား။
*ဟိုနေ့က ဘယ်လိုဖြစ်လဲ*
Koki၏အဆက်အစပ် မရှိသော ငယ်ငယ်တည်းကပေါင်းလာတာဖြစ်တာကြောင့် Itsukiကဘာကိုမေးချင်မှန်း နားလည်သည်။
YOU ARE READING
အခုကစပြီး/အခုကစၿပီး (completed)
RandomUnicode သူ့ကိုပေးတဲ့အချစ်နဲ့ သူ့ဆီကပြန်ရတဲ့အချစ် တိုက်ရိုက်အချိုးမကျတဲ့အခါ အဲ့ဒီ့အချစ်ကို ခေါင်းစဥ်တပ်ကြတယ် တစ်ဖက်သတ်တဲ့ Zawgyi သူ့ကိုပေးတဲ့အချစ်နဲ့ သူ့ဆီကပြန်ရတဲ့အချစ် တိုက်ရိုက်အချိုးမကျတဲ့အခါ အဲ့ဒီ့အချစ်ကို ခေါင်းစဉ်တပ်ကြတယ် တစ်ဖက်သတ်တဲ့