Part 19(uni)

533 45 4
                                    

ဘုရားကျောင်းဝန်းထဲရှိ တံတားအမြင့်လေးပေါ်မှာ သူဘေဘီလေးနဲ့အတူ နေထွက်ချိန်ကို စောင့်ဆိုင်းနေသည်။ဘေဘီလေးသူ့ကို မမြင်ချင်ရလောက်တဲ့အထိ ခါးခါးသီးသီး ဖြစ်မသွားဘူးဆိုတော့ သူ့အတွက် မျှော်လင့်ချက်ရှိသေးတယ်မဟုတ်လား...

ခြေထောက်ကို ခဏခဏဘက်ပြောင်းထောက်နေတဲ့ဘေဘီလေးက ရပ်နေရတာကြာပြီ ဖြစ်တာကြောင့် ညောင်းနေပုံရသည်။ဘေးပတ်ဝန်းကျင်ကိုကြည့်တော့ ဘယ်သူမှမရှိတော့။
ကျောပိုးအိတ်ထဲက မာဖလာလေးကို သူထုတ်လိုက်သည်။ဘေဘီလေးအေးနေခဲ့ရင် ပေးဖို့ရည်ရွယ်ချက်နဲ့ ထည့်လာခဲ့ပေမယ့် ဘေဘီလေးက သူ့ပစ္စည်းလေးကို လိုအပ်သည့်ပုံမပေါ်။
မာဖလာရဲညိုရောင်လေးနဲ့ တံတားကို လူတစ်ယောက်စာ ထိုင်လို့ရအောင် သုတ်လိုက်သည်။

*ညောင်းနေပြီမို့လား ထိုင်လေ*

ဘေဘီလေးက အားနာတဲ့အကြည့်နဲ့ ကြည့်သည်။ဒါပေမယ့်လည်း ထိုင်ချလိုက်သည်။တော်တော်ညောင်းနေပုံရသည်။
သူဘေဘီလေးနဲ့ ကျောခိုင်းပြီး ထိုင်လိုက်သည်။

*ညောင်းရင် ငါ့ကိုမှီထားလေ*

*ရတယ်*

ဘေဘီလေးက မမှီတာကြောင့် သူပဲဘေဘီလေးနဲ့ကျောချင်း ကပ်လိုက်သည်။ခဏကြာတော့ သူ့ဘယ်ဘက်ပုခုံးပေါ်ကို ဘေဘီလေးခေါင်းလေး ရောက်ချလာသည်။
ဘေဘီလေး အိပ်ချင်နေမယ်ဆိုတာ သူမတွေးမိခဲ့ဘူးပဲ...

အချိန်ကြာလာတဲ့အမျှ ပုခုံးကထုံကျင်မှုကို ခံစားလာရပေမယ့်လည်း သူပြုံးမိသည်။
ချစ်ရသူနဲ့အတူရှိနေတဲ့ ခံစားချက်က ကြည်နူးဖို့ကောင်းလိုက်တာ...

နေမင်းက သစ်ပင်နဲ့ဘုရားကျောင်းဆောင်တို့အောက်မှ တဖြည်းဖြည်းပေါ်ထွက်လာသည်။ဘေဘီလေးက မနိုးသေး။မနိုးရက်ပါ။နေထွက်တာကိုကြည့်နေတာသူတစ်ယောက်တည်းဆိုပေမယ့် ဘေဘီလေးနဲ့ အတူရှိနေတာပဲ မဟုတ်လား။

နေရဲ့အလင်းရောင်က အမှောင်ထုကိုထိုးဖောက်ပြီး တစ်လောကလုံးကို အလင်းဆောင်လာသည်။
မျက်နှာပေါ်ကို နေပြောက်ထိုးလို့ ထင်ပါရဲ့။ပခုံးထက်ကခေါင်းလေး လှုပ်စိလှုပ်စိဖြစ်လာသည်။

အခုကစပြီး/အခုကစၿပီး (completed)Donde viven las historias. Descúbrelo ahora