*ဘယ်လိုဖြစ်နေတာလဲ*
*မင်း အချစ်ကိုရအောင်ကြိုးစားနေတာလေ မင်းအတွက် သီးသန့်ဖြစ်တဲ့ ငါ့ရဲ့ဂရုစိုက်မှုတွေနဲ့ နေသားကြလာအောင်လို့*
Koki၏ car showroomတွင်ဖြစ်သည်။ကိတ်မုန့်ကို နော့်ဟာနော် စားပါမယ်ဆိုလည်းမရ။အတင်းခွံ့ကျွေးနေသည်။
*အဲ့လိုတွေလုပ်နေရင် မင်းဆီမလာဘဲနေမှာနော်*
နော်ပြောလိုက်တော့ ကိတ်မုန့်ခွံ့နေတဲ့ သူ့လက်တွေ လေထဲမှာတင် ရပ်တန့်သွားသည်။
*အဲ့တာဆို မင်းရှိတဲ့နေရာကို ငါလာမှာပေါ့*
*ကောင်းတယ်သိလား ငါ့ဆီပဲလာနေ
မင်းအလုပ်တွေကို ဒီတိုင်းပဲပစ်ထား**ကို့ရဲ့နော်လေးက ကို့ကိုအလုပ်လုပ်စေချင်ရင် ကိုလုပ်မှာပေါ့*
ဒီရက်တွေမှာ Kokiကသူ့ကိုယ်သူ ကိုလို့လည်းပြောတတ်သေးတာ။
*စိတ်မမှန်ဘူးလား
ငါမင်းကို သူငယ်ချင်းလိုပဲ ခင်ပါတယ်လို့ပြောပြီးသားနော်
ငါ မင်း ကို မ ကြိုက် ဘူး*တစ်လုံးချင်း ပြောလိုက်တဲ့နော့်စကားကြောင့် သူဝမ်းနည်းသွားတာ နော်သိသည်။သို့ပေမယ့် သူကဘာမှမဖြစ်သလို ဟန်ဆောင်နေသည်။
*ဘယ်သူကရောကြိုက်ခိုင်းနေလို့လဲ*
နော့်ကိုမကြည့်ဘဲပြောပြီး ကိတ်မုန့်တွေကို ထိုးဆွနေသည်။သူနော့်ကို ချစ်တယ်လို့စပြောတဲ့နေ့တည်းက သူ့ကိုချစ်လားလို့သူမမေး။နော့်ကိုချစ်တယ်လို့သာ သူပြောသည်။
နော်ကလည်း သူမေးမေး မမေးမေး မချစ်ဘူးလို့ပြောတတ်သည်။အမြဲတမ်း ချစ်တယ်ပြောနေတဲ့သူက ဘယ်လိုနေလဲ မသိပေမယ့် မချစ်ဘူးငြင်းနေရတဲ့ နော်ကတော့ပြောရတာ ငြီးငွေ့ချင်လာသည်။*ငါ့မှာ အချိန်ဘယ်လောက်ရှိသေးလဲ*
အဆုံးအစ မရှိထမေးတဲ့သူ့မေးခွန်းကြောင့် နော်ကြောင်တောင်တောင်ဖြစ်သွားရသည်။
*ဘာမှမဟုတ်တော့ဘူး သွားရအောင်
အပြင်ထွက်ကြမယ်*သူ့အခန်းထဲကထွက်ပြီး အောက်ဆင်းလာတော့ ကောင်တာကကောင်မလေးတွေက နော်တို့ကိုကြည့်ပြီး ပြုံးစိစိရုပ်ဖြစ်နေသည်။
CZYTASZ
အခုကစပြီး/အခုကစၿပီး (completed)
LosoweUnicode သူ့ကိုပေးတဲ့အချစ်နဲ့ သူ့ဆီကပြန်ရတဲ့အချစ် တိုက်ရိုက်အချိုးမကျတဲ့အခါ အဲ့ဒီ့အချစ်ကို ခေါင်းစဥ်တပ်ကြတယ် တစ်ဖက်သတ်တဲ့ Zawgyi သူ့ကိုပေးတဲ့အချစ်နဲ့ သူ့ဆီကပြန်ရတဲ့အချစ် တိုက်ရိုက်အချိုးမကျတဲ့အခါ အဲ့ဒီ့အချစ်ကို ခေါင်းစဉ်တပ်ကြတယ် တစ်ဖက်သတ်တဲ့