နော်မနက်မိုးလင်းတော့ Amiအကြောင်း လေးလေးကိုပြောပြပြီး ဆေးရုံသွားဖို့ထွက်လာလိုက်သည်။ညက နော့်ကိုပြန်ပို့ပေးပြီး Kokiက ဆေးရုံကိုတစ်ခေါက်ပြန်သွားသည်။Chizuကတော့ တစ်ညလုံးဆေးရုံမှာ စောင့်ပေးနေသည်ဟု သိရသည်။
Amiရှိတဲ့ဆေးရုံအခန်းတံခါးဖွင့်လိုက်ချိန် ရင်းနှီးတဲ့ဘေးစောင်းပုံလေးကြောင့် စိတ်လှုပ်ရှားမိသလို စိတ်မကောင်းလည်းဖြစ်မိသည်။ကုတင်ဘေးမှာ အိပ်ပျော်နေသူကတော့ နော်ဝင်လာတာကိုမမြင်။
သူပြန်လာခဲ့တာပဲ... Amiအတွက်...ထိုအချိန် အခန်းထဲဝင်လာတဲ့Kokiကြောင့် သူနိုးသွားသည်။သူကနော့်ကို တစ်ချက်သာကြည့်ပြီး Kokiကိုစကားပြောဖို့လုပ်နေသည်။
*မင်းရောက်လာပြီဆိုတော့ ဒီမှာနေလိုက်ဦး
ငါဆရာဝန်နဲ့သွားတွေ့လိုက်ဦးမယ်**အင်း ပြီးရင်အိမ်ခဏပြန်လိုက်ပါလား
ညကလည်း လေယာဥ်စီးလာရတော့ ပင်ပန်းနေမှာပေါ့
တစ်ရေးလောက်အိပ်ပြီးမှ ပြန်လာလေ
ခဏနေ Chizuလည်းလာတော့မှာ**ဆရာဝန်နဲ့တွေ့ပြီး ပြန်လာခဲ့မယ်*
Itsukiထွက်သွားတဲ့အထိ အသိမဝင်သေးသူကနော်။Amiကို စိတ်ပူနေတဲ့သူရဲ့ပုံစံက နော့်ကိုဝမ်းနည်းစေသည်။နော်ရှိနေတာတောင် သူနော့်ကို စကားတစ်ခွန်းမှပြောမသွား။
*ငါးနာရီလောက်မှရောက်တာလေ
သူရောက်တော့Chizuကပြန်သွားပြီး သူပဲစောင့်ပေးနေတာ
Amiအခြေအနေက စိတ်မချရသေးတော့ သူစိတ်ပူနေတာပါ*နော့်စိတ်ကို ရိပ်မိပုံရတဲ့Kokiက ရှင်းပြတဲ့လေသံနဲ့ ပြောပြနေသည်။
*ခုချိန်က ပြောသင့်တဲ့အချိန်မဟုတ်မှန်းသိပေမယ့်
ငါလေ မင်းကိုအရမ်းချစ်တယ်
မင်းကိုတစ်ခြားတစ်ယောက်နဲ့ မတွဲစေချင်ပေမယ့်
အဲ့တစ်ခြားတစ်ယောက်ကြောင့် မင်းနာကျင်နေရတာကို ပိုပြီးမုန်းတယ်**ငါဘာမှ မဖြစ်ပါဘူး*
*မင်းလိမ်နေတယ်ဆိုတာ မင်းမျက်လုံးမှာ မြင်နေရတယ်
Amiနဲ့Itsukiက တွဲနေကြမဟုတ်ပါဘူး
ဟက်... ဘယ်ပြောရမလဲ
မင်းအတွက် မျှော်လင့်ချက်ရှိရင် ရှိဦးမှာပေါ့
ဒါ... ငါလက်လျော့တယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူးနော်
ငါက မင်းရဲ့ခုလိုပုံစံကို မမြင်ချင်တာ*
ESTÁS LEYENDO
အခုကစပြီး/အခုကစၿပီး (completed)
De TodoUnicode သူ့ကိုပေးတဲ့အချစ်နဲ့ သူ့ဆီကပြန်ရတဲ့အချစ် တိုက်ရိုက်အချိုးမကျတဲ့အခါ အဲ့ဒီ့အချစ်ကို ခေါင်းစဥ်တပ်ကြတယ် တစ်ဖက်သတ်တဲ့ Zawgyi သူ့ကိုပေးတဲ့အချစ်နဲ့ သူ့ဆီကပြန်ရတဲ့အချစ် တိုက်ရိုက်အချိုးမကျတဲ့အခါ အဲ့ဒီ့အချစ်ကို ခေါင်းစဉ်တပ်ကြတယ် တစ်ဖက်သတ်တဲ့