Part 4

557 37 7
                                    

တစ်နေ့လုံး နော်အခန်းအောင်းနေမိသည်။
ပထမဆုံးတစ်ခေါက်တွေ့တည်းက သူနဲ့ပတ်သက်ရင် ပုံမှန်မဟုတ်တဲ့ခံစားချက်တွေ။အဖြေကိုသိပေမယ့်လည်း နော်မတွေးခဲ့ဘူး။နော်ယောက်ျားလေးတွေကိုသဘောမကျဘူး။ဒါဆို ယောက်ျားလေးဖြစ်တဲ့သူ့ကိုသဘောကျနေမိတာကရော။စူးရှတဲ့သူ့မျက်ဝန်းတွေက နော့်ကိုညို့ယူဖမ်းစားနိုင်လွန်းသည်။
နော်ကြားဖူးတဲ့စားသားတစ်ခုရှိသည်။

မျက်လုံးချင်းဆုံ
ရင်တွေခုန်တော့
မလုံမလဲ မျက်နှာလွှဲသည်
အသည်းကတော့ ချစ်မိသည် တဲ့

နော်သူနဲ့မျက်လုံးချင်းတော့ ရင်တွေခုန်လာပြီး မလုံမလဲဖြစ်ကာ အကြည့်လွှဲမိသည်။သူနဲ့တွေ့ရင်နေရခက်နေတတ်ပြီး မတွေ့ရရင်သူ့အကြောင်းတွေးနေမိသည်။ခပ်တည်တည်နေတတ်တဲ့သူ့မျက်နှာမှာ အပြုံးလေးတွေဝေဆာလာအောင် နော်လုပ်ပေးချင်သည်။ရုပ်ရှင်တွေထဲမှာလို ပန်းလေးတွေပွင့်လာ၊လေပြေလေးတွေတိုက်ခတ်ပြီး ဂီတသံလေးတွေထွက်မလာသော်လည်း နော်သေချာပြီ။နော်သူ့ကိုချစ်မိနေပြီ။

လေးလေးကိုမေးထားတာကြောင့် သူအလုပ်လုပ်သည့်နေရာကို နော်သိသည်။အဝတ်အစားလဲပြီး သူရှိတဲ့နေရာဆီနော်ထွက်လိုက်သည်။သူကငါးနာရီမှအလုပ်ဆင်းသည်ဟု နော်သိထားသည်။ခုမှလေးနာရီတောင်မထိုးသေး။တကယ်လို့ သူထွက်လာရင်ရော နော့်မှာပြောစရာစကားမရှိ။ကုမ္ပဏီ(kaisha)ရှေ့မှာ ခေါက်တုန့်ခေါက်ပြန်လမ်းလျောက်ရင်း နော်ခေါင်းတောင်မူးချင်လာသည်။လာတုန်းကတော့ဘာမှမတွေးဘဲ ရောက်ချလာပေမယ့် နာရီလက်တံတွေရွေ့လျားနေသည်နှင့်အတူ နော့်ရင်တွေလည်းခုန်လာသည်။
တကယ်လို့ သူနော့်ကိုတွေ့သွားရင်ဘယ်လိုလုပ်မလဲ?
ဒီရှေ့ကဖြတ်သွားတာလို့ပြောရမလား?
ဒါမှမဟုတ် ပြန်လိုက်ရင်ကောင်းမလား?
နော်သူ့ကိုတွေ့ချင်လို့ စိတ်အလိုလိုက်ပြီးလာခဲ့ပေမယ့် တကယ့်တကယ်ကြဘာလုပ်ရမှန်းမသိ ယောင်လည်လည်ဖြစ်နေသည်။
~~~~~#####~~~~~
Koki(ခိုးခိ)... ၆ပေကျော်တဲ့အရပ်ရှိပြီး ခန္တာကိုယ်တောင့်တင်းတဲ့ အသက်၂၅နှစ်အရွယ် car showroomပိုင်ရှင်လူငယ်လေးတစ်ယောက်ဖြစ်သည်။ဂျပန်လူမျိုးအများစုမှာရှိတဲ့အညိုရောင်မျက်လုံးမျိုးမဟုတ်ဘဲ အနည်းငယ်အရောင်ဖျော့တဲ့ အညိုရောင်မျက်လုံးပိုင်ရှင်။မီးခိုးရောင်ဆံပင်လေးနဲ့ သူက မိန်းကလေးများ၏အသည်းစွဲဖြစ်သော်လည်း ထိုမိန်းကလေးများအတွက်စိတ်မကောင်းစရာပင်။အကြောင်းရင်းကသူက မိန်းကလေးများအားစိတ်မဝင်စားသောကြောင့်ဖြစ်သည်။

အခုကစပြီး/အခုကစၿပီး (completed)Où les histoires vivent. Découvrez maintenant