*သမီးAmiပါလား
သားကပြန်တောင်မရောက်သေးဘူး**ဟုတ်ကဲ့ ဦးလေး
သူပြန်မရောက်သေးမှန်း သမီးသိပါတယ်
သူက ဒီနေ့အိမ်မှာဦးလေးရှိတယ်ဆိုလို့
သမီးဒီကိုအလာ ဈေးဝင်လာခဲ့သေးတယ်
ဦးလေးတို့ကိုramenချက်ကျွေးချင်လို့**ဉီးလေးကိုချက်ကျွေးချင်တာရော ဟုတ်လို့လား*
*ဟိ... အဲ့တာက
သူကဟိုနေ့က အိမ်ကချက်တဲ့ramenစားချင်တယ်ပြောလို့**ကဲ ဟုတ်ပါပြီ
သမီးချက်ကျွေးတော့ ဦးလေးလည်းစားရတာပေါ့*Amiဦးလေးကိုခွင့်တောင်းပြီး မီးဖိုခန်းသို့ဝင်လာလိုက်သည်။ပြီးနောက်ချက်ပြုတ်ဖို့အတွက် စတင်ပြင်ဆင်လိုက်သည်။
ပထမဆုံးကြက်ဥငါးလုံးကို အရင်ပြုတ်ထားလိုက်သည်။ပြီးနောက် ထက်ဝက်ပိုင်းထားသည့်ကြက်သွန်ဖြူ၊ပါးပါးလှီးထားသည့်ဂျင်း၊ပဲပိစပ်၊ငံပြာရည်နဲ့အမွှေးအကြိုင်တို့ကိုထည့်ပြီး ဟင်းရည်အိုးဆူအောင် တည်ထားလိုက်သည်။
အိမ်ရှေ့ကလည်း Itsukiအသံကြားတာကြောင့် သူမပြုံးမိသည်။ဟင်းရည်အိုးကိုဖွင့်ကြည့်လိုက်တော့ အနံ့လေးရရုံနဲ့ဗိုက်ဆာလာသည်။သူကြိုက်မှာသေချာပါသည်။
အရသာလိုနေသေးတာကြောင့် ပဲပိစပ်အနည်းငယ်ထပ်ထည့်ပြီး ထောပတ်နဲ့ဒိန်ခဲပါထည့်လိုက်သည်။ပြီးနောက် ခေါက်ဆွဲဖတ်ပါတစ်ခါတည်းထည့်လိုက်သည်။
ထို့နောက် ပန်ကန်ထဲကိုခပ်ထည့်လိုက်ပြီး တစ်ခြမ်းခြမ်းထားတဲ့ကြက်ဥ၊ချက်ပြုတ်ပြီးပြီဖြစ်တဲ့ ဝက်သားနဲ့ နောက်ဆုံးအနေနဲ့လှော်ထားသည့် နှမ်းကိုအပေါ်ကဖြူးလိုက်သည်။
နီးကပ်လာပြီဖြစ်တဲ့ခြေသံကြောင့် သူမပြုံးမိပြန်သည်။*wow အနံ့လေးကမွှေးနေတာပဲ
ပေး ငါသယ်ခဲ့မယ်*ထမင်းစားဝိုင်းရောက်တော့လည်း အားရပါးရစားနေသည့်သူ့ကြောင့် ကြည်နူးမိသည်။
*သမီးလက်ရာကတော့တစ်ခါချက်ကျွေးတိုင်းတစ်ခါ တိုးတက်လာတာပဲ*
*ဖေဖေနော် သားနေ့တိုင်းချက်ကျွေးနေတာကြကောင်းတယ်မပြောဘူး*
အင်း... အမြဲတမ်းခပ်တည်တည်နေတတ်တဲ့သူ့မှာလည်း ကလေးဆန်တတ်သည့်အချိန်ရှိပါသည်။သို့သော် မြင်ရခဲသည်။
VOCÊ ESTÁ LENDO
အခုကစပြီး/အခုကစၿပီး (completed)
DiversosUnicode သူ့ကိုပေးတဲ့အချစ်နဲ့ သူ့ဆီကပြန်ရတဲ့အချစ် တိုက်ရိုက်အချိုးမကျတဲ့အခါ အဲ့ဒီ့အချစ်ကို ခေါင်းစဥ်တပ်ကြတယ် တစ်ဖက်သတ်တဲ့ Zawgyi သူ့ကိုပေးတဲ့အချစ်နဲ့ သူ့ဆီကပြန်ရတဲ့အချစ် တိုက်ရိုက်အချိုးမကျတဲ့အခါ အဲ့ဒီ့အချစ်ကို ခေါင်းစဉ်တပ်ကြတယ် တစ်ဖက်သတ်တဲ့