Part 18(uni)

536 47 3
                                    

နော် နိုးလာပြီး အိပ်ခန်းပြင်ထွက်လိုက်တော့ ဧည့်ခန့်ထဲမှာ စက္ကူအလှဆင်ပစ္စည်းများဖြင့် အလှဆင်ထားသည်။လေးလေး ဒါတွေဘယ်ချိန် လုပ်လိုက်လဲဆိုတာ နော်မသိလိုက်။
မီးဖိုခန်းထဲက အသံတွေကြားနေတာကြောင့် နော်ဝင်သွားလိုက်သည်။

"လေးလေး"

"နော်လေးနိုးပြီလား"

"ဘာတွေချက်မလို့လဲ လေးလေး
ပစ္စည်းတွေလည်းအစုံပါလား"

"နှစ်သစ်ကူးအစားအစာတွေ ချက်မလို့လေ
ဒီနေ့ညက ပျော်ဖို့ကောင်းမှာ
နော်လေးဘယ်သွားချင်လဲ
Itsukiလည်းမရှိဘူးဆိုတော့ သွားချင်တာရှိရင်လေးလေးနဲ့သွားမယ်လေ"

"ခါတိုင်းနှစ်တွေဆိုရင်ရော လေးလေးကဘယ်တွေသွားလဲ"

"ဘယ်မသွားပါဘူးကွာ
ဒီလိုညဆို နတ်ကွန်းတွေ ဘုရားကျောင်းတွေမှာ လူတွေတအားစည်တာ
လေးလေးကလူရှုပ်တဲ့နေရာတွေ မသွားတာများတယ်"

"အဲ့တာဆို အိမ်မှာပဲနေတာပေါ့
တစ်ယောက်တည်း ပျင်းစကြီး"

"အိမ်မှာနေပေမယ့် တစ်ယောက်တည်းတော့မဟုတ်ဘူးလေကွာ Itsukiကသူ့အိမ်မှာလုပ်စရာတွေပြီးရင် လေးလေးနဲ့လာပြီးနှစ်သစ်ကူးတယ်လေ
သူ့အဖေနဲ့ကလည်း သူငယ်ချင်းတွေဆိုတော့ လေးလေးအိမ်မှာသုံးယောက်သား နှစ်သစ်ကူးတဲ့နှစ်ရှိသလို တစ်ချို့နှစ်တွေကြလည်း သူတို့အိမ်မှာပေါ့"

"အော် ခဏနော်
ကျွန်တော်ပြန်လာခဲ့မယ်"

နော်အခန်းထဲပြေးဝင်လာပြီး ခုတင်ပေါ်က ဖုန်းကို ကောက်ကိုင်လိုက်သည်။contactsထဲဝင်ပြီး သူ့ဖုန်းနံပါတ်ရှာပေမယ့် ရှာမတွေ့။သေစမ်းပါ နော်ရယ်။ဖုန်းဆက်မယ်ဆိုပြီး ဖုန်းနံပါတ်ကြ တောင်းမထားမိ။IGဝင်ကြည့်တော့လည်း active yesterday လို့သာပေါ်နေသည်။
စာအရှည်ကြီးတွေရိုက်ပြီးတဲ့နောက်မှာတော့ miss youဆိုတဲ့စာလေးသာ sentလုပ်လိုက်သည်။

"လေးလေး ကျွန်တော်လည်းကူလုပ်ပေးမယ်"

နော် လေးလေးကိုဖက်ထုတ် ကူထုတ်ပေးလိုက်သည်။ရေးဆေးပြီးသား အသီးအနှံလေးတွေကို အရွယ်တူလေးတွေ လှီးထားလိုက်သည်။လေးလေးချက်နေတဲ့ ဟင်းရည်အိုးကို အနံ့မွှေးမွှေးလေးရနေသည်။

အခုကစပြီး/အခုကစၿပီး (completed)Donde viven las historias. Descúbrelo ahora