Part 22

329 20 3
                                    

"နော်လေး ခုရက်အိမ်ကပ်နေတယ်နော်"

"အပြင်အမြဲတမ်းထွက်နေတာ ပျင်းလာလို့ပါဗျ"

စားလက်စsushiကိုကုန်အောင်ဝါးပြီး နော်ပြန်ပြောလိုက်တဲ့စကားက အမှန်တော့မဟုတ်။

"ဟုတ်ပါတယ် ဒီနေ့ရော အိမ်မှာပဲနေမှလား"

"နေဖြစ်မှာပါ"

လေးလေးအမေးကို နော်တွေးစစလေးဖြေလိုက်သည်။

"Kokiနဲ့ စကားများထားကြလို့လား
ခုတစ်လော အိမ်လည်းလာတာမတွေ့ဘူး"

"သူမအားလို့နေမှာပါ"

စိတ်မပါသလို ခပ်ပြတ်ပြတ်ပြောလိုက်တဲ့နော့်စကားကြောင့် ထမင်းစားဝိုင်းက ငြိမ်ကျသွားသည်။လေးလေးနဲ့နံနက်စာ စားပြီးအခန်းထဲ ဝင်တဲ့အထိ စိတ်ကအလိုအကျ။

အဲ့နေ့က နော်ပြောတာလွန်သွားတာလား...
အဲ့နေ့ကသူပြောတဲ့
ငါ့ဘက်ကဘယ်တော့မှ ပေးလို့မလုံလောက်တဲ့
မင်းအပေါ်ထားတဲ့ အချစ်တွေကို...
လက်ခံရတဲ့ မင်းက ပိုတယ်လို့ထင်ချင်လည်းထင်နိုင်ပါတယ်
ဆိုတဲ့သူ့စကားအဆုံးမှာ နှလုံးသားရပ်ဝန်းမှာ တိုက်ခတ်လာတဲ့လေပြေနုနဲ့ ပုံမှန်ထက်မြန်ဆန်သွားတဲ့ နှလုံးခုန်သံ။
ပထမဆုံးအနေနဲ့ သူ့စကားကြောင့် နှလုံးသားမှာ နွေးထွေးမှုကို ခံစားလိုက်ရပြီး စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်။

အဲ့တာမဖြစ်သင့်ဘူးမဟုတ်လား...
နော်က Itsukiကိုချစ်နေတာလေ။
အနေနီးလို့များ နော်Kokiအပေါ် စိတ်ယိုင်နဲ့ချင်နေတာလား။
သေချာတယ် အဲ့တာတော့မဖြစ်နိုင်။မိန်းကလေးလည်းမဟုတ်ဘဲ ယောက်ျားလေးတစ်ယောက်နဲ့ အနေနီးတာကို နော်ရင်ခုန်ရင် ကျောင်းတုန်းကအမြဲတွဲလာတဲ့ သူငယ်ချင်းတွေကရော။နော်သူတို့ကို တစ်ခါမှ ရင်မခုန်ခဲ့ဖူးပါ။

နော့်ခံစားချက်တွေ ရှုပ်ထွေးခဲ့သည်။သူ့ကို ဘီယာသောက်ဖို့ စခေါ်ပြီး မူးချင်ယောင်ဆောင်ခဲ့သည်။အဲ့လိုလုပ်မှ ဖြစ်မှာမို့။ပုံမှန်အနေအထားနဲ့ Itsukiကိုချစ်တဲ့အကြောင်း သူ့ကိုပြောမပြနိုင်တာမို့။အရင်တစ်ခါဆီပူလောင်တဲ့သူ့လက်ကိုမြင်ယောင်မိတော့ ကိုယ်တိုင်တောင်သတိမထားမိခင် ငါးကြော်မယ့်သူ့လက်ကိုတားမိခဲ့သည်။
သူ့ကိုနော့်အနားကနေ နော်ကိုယ်တိုင် နှင်ထုတ်ခဲ့တာ။

အခုကစပြီး/အခုကစၿပီး (completed)Donde viven las historias. Descúbrelo ahora