Part 28(uni) Final

3K 88 27
                                    

*တစ်ညလုံးအတူရှိနေခဲ့တာလား*

ခုတင်ပေါ်က ဖရိုဖရဲပုံစံနဲ့လူနှစ်ယောက်ကိုကြည့်ရင်း နော်မယုံကြည်စွာရေရွတ်မိသည်။

*ဒါဘယ်လိုအခြေအနေလဲ
ညတုန်းက Amiကိုနင်ခေါ်သွားတာလေ*

Chizuလက်မောင်းနှစ်ဖက်ကို တင်းတင်းဆုပ်ကိုင်ပြီး မေးနေတဲ့Kokiအသံမှာ ဒေါသတို့ပါဝင်နေသည်။

*ဟုတ်တယ်လေ ငါခေါ်သွားတာ
ငါကိုယ်တိုင်Amiကို Itsukiရှိတဲ့အခန်းထဲ ထည့်ပေးခဲ့တာ
ဒါတင်လား... ဘယ်ဟုတ်မလဲ Itsukiသောက်ဖို့ပေးတဲ့ဘီယာဗူးထဲမှာ စိတ်ကြွဆေးပါခတ်ခဲ့တာ*

Chizuရင်ဘတ်နားကအင်္ကျီစကို Kokiစောင့်ဆွဲလိုက်သည်။သွေးကြောစိမ်းတို့က လည်ပင်းနဲ့လက်တစ်လျောက် ထောင်တက်လာသည်။

*ဘာလို့လဲပြောပြရဦးမလား
ဟက်... Itsukiကိုအရမ်းမုန်းလို့လေ*

Kokiရဲ့လက်သီးက သူမမျက်နှာပေါ်သို့။
နှုတ်ခမ်းထောင့်ကသွေးကို ခပ်ကြမ်းကြမ်းသုတ်ရင်း လဲကျသွားရာမှ သူမပြန်ထလာသည်။

*နင့်ကိုသူငယ်ချင်းတစ်ယောက်လိုသဘောထားခဲ့တာ*

စက်ဆုပ်တဲ့အကြည့်နဲ့အတူ Kokiပြောလိုက်ပေမယ့် Chizuအကြည့်က ခုတင်ပေါ်ကItsukiဆီသို့သာ။

*နော့်ကိုအရမ်းချစ်တယ်မဟုတ်လား
တခြားတစ်ယောက်ကို မချစ်နိုင်လောက်တော့တဲ့ထိ နော့်ကိုချစ်မိသွားတယ်မလား
ဒါပေမယ့် နင်နော့်ကိုပိုင်ဆိုင်ရမှာမဟုတ်ဘူး
ငါချစ်တဲ့သူနဲ့ အတူမရှိနိုင်ပေမယ့် နင်ကတော့မချစ်တဲ့သူနဲ့ တစ်သက်လုံးအတူနေသွားရမယ်*

*နင်ဘာတွေပြောနေတာလဲ*

ထိတ်လန့်​နေတဲ့Amiအသံက တုန်ရင်နေပြီး ကယောင်ခြောက်ခြားဖြစ်နေကာ လက်ရှိအခြေအနေကို လက်မခံနိုင်ဖြစ်နေသည်။

*Enaကငါချစ်ရတဲ့သူပဲ
အဲ့နေ့က ငါတို့တွဲနေတဲ့အကြောင်း နင်တို့ကိုပြောပြဖို့လုပ်ခဲ့တာ

အဲ့လောက်ထိဖြစ်ပျက်မနေကြပါနဲ့
ဒီနေရာမှာ ဘယ်သူမှမသေသေးပါဘူး
ငါက ငါချစ်သူသေတာကို ငါ့မျက်လုံးနဲ့မြင်ခဲ့ရတာ*

*အဲ့တာItsukiနဲ့ဘာဆိုင်လို့လဲ
ဟမ် Enaဆေးလွန်ပြီးသေတာ Itsukiနဲ့ဘာဆိုင်လို့လဲ*

အခုကစပြီး/အခုကစၿပီး (completed)Donde viven las historias. Descúbrelo ahora