Part 9

428 26 4
                                    

Amiရဲ့မနက်စာအတူစားဖို့ ချိန်းဆိုချက်ကြောင့် Itsukiသူမချိန်းတဲ့ဆိုင်ကို ရောက်လာခဲ့သည်။မကြာခဏတော့မဟုတ်ပေမယ့် Itsuki သူမနဲ့ အခုလိုပဲ မနက်စာအတူစားဖြစ်သည့်နေ့များလည်းရှိသည်။သူမနဲ့အတူမနက်စာစားတုန်း ဆိုင်ထဲဝင်လာသည့်သူငယ်ချင်းKokiနဲ့နော်ဆိုတဲ့ကောင်လေး။
မနေ့ညကလည်း ကိုယ့်အိမ်လိုက်ခဲ့ဖို့ခေါ်နေတာကို နော်ကသူ့ဆီမှာအိပ်ဆိုပြီး ခေါ်ထားသည်။ဒီနေ့မနက်လည်း Kokiကသူ့အိမ်သူတန်းမ​ပြန်ဘဲ နှစ်ယောက်ကိုအတူတွေ့ရပြန်သည်။
သူတို့နှစ်ယောက်ရဲ့ရင်းနှီးမှုအတိုင်းအတာက ဘယ်လောက်ထိတောင်လဲ။
သူတို့နှစ်ယောက်ကို ခဏသာကြည့်လိုက်ပြီး မနက်စာကိုပဲ ဆက်စားလိုက်သည်။ဘေးချင်းကပ်ထိုင်နေတဲ့Amiကတော့ သူတို့ကိုမြင်ပုံမရ။
စားနေရင်းနေမှ ပန်းကန်ကျသံကြားလို့လှည့်ကြည့်လိုက်တော့ နော်တစ်ခုခုကိုမှောက်ကျပုံရသည်။နော့်ပေါင်ကို တစ်ရှူးနဲ့သုတ်ပေးနေတဲ့Kokiကြောင့် အသက်ရှူသံတြွေမန်ဆန်လာသည်။စိတ်တိုနေတဲ့ခံစားချက်က ဘာကြောင့်ဖြစ်လာရတာလဲဆိုတာ Itsukiနားမလည်။
ခုမှသူတို့ကိုမြင်သွားပုံရတဲ့Amiက နော်ဘာဖြစ်တာလဲဆိုတာသွားကြည့်မယ်လုပ်တော့ မသွားစေချင်တာကြောင့် သူမလက်ကိုဆွဲလိုက်သည်။စိတ်တိုနေတာကြောင့် အားပါသွားပြီး သူမကိုယ့်ပေါ်ပြုတ်ကျလာကာ နှုတ်ခမ်းချင်းထိကပ်မိသွားသည်။
ချိုချဉ်နံ့လေးသင်းနေတဲ့သူမနှုတ်ခမ်းဖျားကို ချက်ချင်းတွန်းမဖယ်မိ။Itsuki သူမကိုသဘောကြပါသည်။သို့သော် အခုအနမ်းကိုသူရင်မခုန်မိပါ။

နော်ပေါင်ပေါ်ကဟင်းရည်တွေကိုသုတ်ပြီးခေါင်းပြန်မော့လာတော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် နော့်ကမ္ဘာကြီး ပြာကျသွားသလိုခံစားလိုက်ရသည်။ItsukiကAmiကို သူ့ပေါင်ပေါ်တင်ပြီး နမ်းနေခြင်းဖြစ်သည်။အချွန်တစ်ခုနဲ့အထိုးခံတာသလိုမျိုး နော့်နှလုံးသား တဆစ်ဆစ်နာကျင်လာသည်။သူမနဲ့မျက်လုံးချင်းဆုံနေတဲ့သူက နော့်ကိုမြင်ပုံမရပါ။တကယ်လို့ သူနော့်ကိုမြင်သွားခဲ့ရင်ရော။ဘာမှထူးခြားလာမည်မဟုတ်ပါ။နော်တို့ဆက်ဆံရေးက သူငယ်ချင်းလို့တောင် ခေါင်းစဉ်တပ်လို့ရရဲ့လားနော်မသိ။ဒီတိုင်း အသိမိတ်ဆွေတွေလောက်ပဲမဟုတ်လား။
နော်မျက်ရည်မကျဘဲ တွေတွေကြီးငေးကြည့်နေမိခြင်းဖြစ်သည်။နော့်နှလုံးသားကို နာကျင်စေသည့်မြင်ကွင်းကို အကြည့်မလွှဲမိဘဲ အဆုံးထိငေးကြည့်နေမိသည်။

အခုကစပြီး/အခုကစၿပီး (completed)Onde histórias criam vida. Descubra agora