1

37.6K 1.4K 43
                                    

Unicode
.
.
.

သွေးသစ်မှူး

အသားဖြူပြီးအရပ်၅ပေ၄လောက်သာရှိတဲ့ပိန်ပိန်သွယ်သွယ်ခန္ဓာကိုယ်လေးနဲ့တောင်ပေါ်တိုင်းရင်းသားလေးတစ်ယောက်ဖြစ်သည်။

ယခုမှတက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးခါစမို့ အသက်၁၇လောက်သာရှိသေးသည်။

ညီအစ်ကိုနှစ်ယောက်ရှိပြီး သွေးကအကြီးဖြစ်သည်။

အဖေမရှိတော့တာကြာပြီဆိုပေမယ့် မေမေကတော့နောက်အိမ်ထောင်လုံးဝမပြုဘဲ သွေးတို့ညီအစ်ကို
နှစ်ယောက်ကိုတစ်ယောက်တည်းစောင့်ရှောက်ရှာသည်။

ချမ်းသာတဲ့အသိုင်းဝိုင်းကမဟုတ်တာကြောင့် နေ့တိုင်းခြံထဲဆင်း၍ အသီးမျိုးစုံစိုက်ကာ ထိုအသီးတွေကိုရောင်းလို့ရတဲ့ငွေကြေးနဲ့သာ သွေးတို့မိသားစုဘဝခရီးကိုရှေ့ဆက်ရသည်။

အရင်နှစ်တွေက သွေးတို့အတွက်လွယ်ကူသေးပေမယ့် ဒီနှစ်အတွက်တော့ သုံးယောက်လုံးစိတ်မောနေရသည်။

သွေးကပထမနှစ်တက်ရမှာဖြစ်သည့်အပြင် သွေးရဲ့ညီလေးကလည်း ဆယ်တန်းဖြေရမည့်ဖြစ်သည်။

ဒါ့ကြောင့် ညီအစ်ကိုနှစ်ယောက်လုံးအတွက်လိုအပ်တဲ့အသုံးစရိတ်ကို မေမေလည်းရှာနိုင်တော့မည်မဟုတ်။

ထိုအခါ အငယ်လေးကသူကျောင်းထွက်ပြီးပိုက်ဆံရှာမယ်ပြောလာသေးသည်။

သွေးလက်မခံသလိုမေမေလည်းလက်မခံ။

အကြီးဖြစ်တဲ့သွေးကပဲကျောင်းထွက်မယ်လုပ်ပြန်တော့လည်း အငယ်လေးကလုံးဝခွင့်မပြု။

နောက်ဆုံးတော့ကံကောင်းသွားတယ်ပြောရမည်။

သွေးတို့ရွာလေးကိုအမြဲတမ်းလာလည်တတ်သည့်မြို့ကအန်တီက သွေးကိုဘွဲ့ရသည်အထိ ကျောင်းထားပေးမယ်ဆိုပြီးမေမေ့ကိုပြောလာသည်။

ထိုအန်တီက သွေးတို့ရွာရှိရာမြို့လေးမှာ
Hotel လာဖွင့်ထားတဲ့ အန်တီခင်မာချိုဆိုတဲ့သူပါပဲ။

အန်တီချိုကလတ်ဆတ်တဲ့ခြံထွက်အသီးအနှံတွေကိုအရမ်းကြိုက်တတ်ပြီး သွေးတို့ရဲ့ဖောက်သည်လို့ပြောရမည်။

အဖြူရောင်စာမျက်နှာ(Complete) Where stories live. Discover now