ဇာတ်လမ်းမိတ်ဆက်🍂
12.6K 302 22
လူတွေကပြောကြတယ် ကိုယ့်ကိုဘယ်တော့မှ
ပြန်မချစ်နိုင်တဲ့သူကိုချစ်နေရတာက ဝဋ်ကြွေး
တစ်မျိုးတဲ့။ အစ်ကို့ကိုချစ်နေရတာက ဝဋ်ကြွေး
လို့ခေါ်ဆိုနိုင်ရင် လွန်း ကတော့ အဲ့ဒီဝဋ်ကြွေး
ကိုကျေစေဖို့ ဘယ်တော့မှဆုတောင်းမိတော့မှာ
မဟုတ်ဘူး။
{ရှင်လွန်းည}
ရင်ခုန်တိုင်း၊သံယောဇဉ်ရှိတိုင်းလဲ အချစ်
မဟုတ်ဘူး လွန်း။မင်းကို'ညီလေး'အရင်း
တစ်ယောက်လိုပဲချစ်နိုင်တယ်။ပြီးတော့အစ်ကို
က မင်းလို အရာအားလုံးကိုမေ့ထားပြီး 'အချစ်'
ဆိုတဲ့ စိတ္တဇနာမ်တစ်ခုကို မျက်စိစုံမှိတ်ပြီး
ကိုးကွယ်မနေတတ်ဘူး လွန်း။အစ်ကို့ဆီမှာ
လွန်ဆန်လို့မရတဲ့ တာဝန်ဝတ္ထရားတွေ၊ဖွင့်ဟပြ
လို့မရနိုင်တဲ့ စောင့်ထိန်းရမဲ့ ကျင့်ဝတ်သိက္ခာတွေ
များစွာရှိနေတယ် လွန်းရယ်.......။
{နွေရိပ်မောင်}
ကဗျာတွေစာတွေကိုသိပ်ချစ်ပြီး 'အချစ်'ကို
စိတ်ကူးယဉ်တတ်လွန်းသည့် လွန်းတစ်ယောက်
တစ်နေ့မှာ လူတစ်ယောက်ကို နှစ်နှစ်ကာကာ
နဲ့နှလုံးသားတစ်ခုလုံးရင်းပြီးချစ်မိသွားခဲ့၏။
သို့သော် သူချစ်မိသော သူက လွန်းလိုမျိုး
အချစ်ကိုကိုးကွယ်တတ်တဲ့သူတစ်ယောက်တော့
မဟုတ်ခဲ့ပေ။နှလုံးသားနှင့် ဦးနှောက်အားပြိုင်
လာရင် ဦးနှောက်ကိုသာအရေးပေးပြီးလက်တွေ့
ကျကျသာ ကျင့်သုံးတတ်သော
နွေရိပ်မောင်(အမောင်) {လွန်းမှလွဲပြီး အများ
က အမောင် လို့ခေါ်ကြ၏} အတွက်
လွန်းရဲ့အချစ်တွေက ဝန်ထုပ်ဝန်ပိုးတစ်ခုသာ
ဖြစ်ခဲ့ရသည်။
ချစ်ရသော သူဆီကမေတ္တာစိုးစဉ်မျှသာရရင်
တောင် မြတ်နိုးစွာထွေးပွေ့မည့် လွန်း။
အမောင် တားထားသည့်အဖြူရောင် သံယောဇဉ်
စည်းပါးလေးကနေ လွန်းတစ်ယောက်
တတ်ရောက်ဖို့ကြိုးစားမိတဲ့အခါ......။
အတ္တမပါ၊နှောင်ကြိုးမချည် ဖြူစင်တဲ့
သံယောဇဉ်နှင့်သာအနားသက်ထားခဲ့သော
လွန်း၏ချစ်ခြင်းတွေအတွက် တန်ပြန်ရရှိ
ခဲ့ရတာတွေက အေးစက်စက်တုန့်ပြန်မှုတွေသာ။