Episode 10
ရုတ်တရပ် သိသိသာသာ ညှိုးနွမ်း သွားသောသူမမျက်နှာကို မောင်သတိထားမိဟန်တူသည်။
"မ....ဘာဖြစ်လို့လဲ....မပျော်ဘူးလား"
သူအလောတကြီးမေးလိုက်သောကြောင့်သူမနှုတ်မှစကားလုံးတွေပင်တိတ်ဆိတ်သွားခဲ့သည်
"မ...ဆမလတ်မှတ် ယူဖို့ နယ်ကို ၂ နှစ်လောက်တာဝန်ကျတယ် မောင်"
သူမစကားကြောင့်သူမျက်လုံးတွေပါအရောင်မဲ့သွားခဲ့သည်။
"ဟာ....မောင်ကလည်း ...ကလေးလေးကျနေတာပဲ မြန်မာပြည်ထဲပဲကို မောင်အချိန်မရွေးလာလို့ရတာပဲကို...ပြီးတော့ မတာဝန်ကျတာကလည်း ပင်လောင်း တိုက်နယ်ဆေးရုံမှာပဲ" သူမပြုံး၍သူ့ကိုဖြန်ဖြေလိုက်သည်။
သူ့မျက်နှာသိသိသာသာပျက်ယွင်းသွားခဲ့သည်" ဘာ ...ပင်လောင်း မှာပဲလား မ"
သူမခေါင်းညိမ့်ပြလိုက်သည်"အဲ့မှာ ဟို ကျော်စွာ ဆိုတဲ့ဘဲကြီးနဲ့တွေ့နေဦးမယ်ကွာ...တောက်.."စကားအဆုံးမှာ တောက်ခေါက်သံနှင့်အတူ သူ့မျက်လုံးတွေဆောက်တည်ရာမရ.....
"ကိုကြီးနဲ့ မ အဆက်သွယ်မရှိတော့သာမောင်လည်း အသိပါ.........မဘယ်တုန်းက ကိုကြီး ကိုဆက်သွယ်ဖူးလဲပြော...သူ့ဘက်ကရောဆက်သွယ်တာမောင်မြင်ဖူးလား သူကသိပ်မာနရှိတဲ့သူပါမောင်"
သူမ၏စကားကို သူလက်ခံပုံမရ" အဲ့ ဘဲကြီးက မကို အစတည်းက ဘာရည်ရွယ်ချက်နဲ့ စပွန်ဆာပေးခဲ့လည်းမှမသိတာ....အခုပြန်တွေ့လည်း ငယ်ချစ်ကအနှစ်တစ်ရာပေါ့"
ခပ်ထေ့့ထေ့ပြောလိုက်သော သူ့စကားကြောင့်သူမ သူပါးကိုဖျန်းခနဲမည်အောင်ရိုက်မိလိုက်သည်။သူကတော့မျက်လုံးပြူးမျက်ဆန်ပြူးဖြင့်သူမကိုပြန်ကြည့်လျက်
"မင်းပြောတာတွေအရမ်းလွန်နေပြီနော်ဇွဲ...နင်ပြောတဲ့စကားမှာ ငါ့အဆင့်ကဘယ်ကိုရောက်သွားပြီလဲ.....ပြီးတော့ကိုကြီးကလည်း အဲ့လိုသိက္ခာမဲ့တဲ့လုပ်ရက်မျိုးလုပ်မဲ့ လူမျိုးမဟုတ်ဘူး....
မင်းသိထားဖို့က သူက ငါညအိပ်တိုင်း ထိုင်ကန်တော့ရမဲ့ကျေးဇူးရှင်"
အဆက်မပြတ်ပြောလိုက်သောသူမစကားသံအဆုံးတွင်ငိုသံပါရောပါလျက်
ESTÁS LEYENDO
More Than Love (အချစ်ထက်ပိုသော)
Romanceအချစ်ဆိုတဲ့အရာတွေတောင်သေးနုပ်ဂုဏ်ငယ်သွားေစနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတချို့ကို အချစ်ထက်ပိုတယ်လို့ယူဆလို့ရကောင်းရပါတယ် အချစ်ဆိုတာခါးသီးမှုတွေပေးတက်ပေမဲ့ မေတ္တာစစ်ကသာထာဝရအေးချမ်းမှုကိုပေးနိုင်ပါလိမ့်မယ် ဒီလိုရှားရှားပါးပါးမေတ္တာစစ်တွေကိုပေးတက်တဲ့ လူတစ...