Episode 19
သူမတာဝန်ကျတဲ့နှစ်နှစ်ကာလအပြီး
မန္တလေးမြို့ကြီးတော်တော်ပြောင်းလဲသွားသည်။
သူမကတော့သူမနေခဲ့တဲ့ တိုက်ခန်းလေးကိုပဲပြန်နေခဲ့သည်။
မနက်ပိုင်း အစိုးရဆေးရုံကို ဂျူတီဝင် ညနေပိုင်းကိုယ်ပိုင်ဆေးခန်းလေးပြန်ဖွင့်ဖြစ်သည်။
လေးညို့ဆိုတဲ့ မိန်းကလေး ကတော့ မောင့်ကိုမကြာမကြာဆက်သွယ်မြဲ...
သူမကတော့အရင်ကလို ဝမ်းနည်းဒေါသထွက်မှုထက် ထုံထိုင်းနေသလိုသာခံစားမိသည်။
မကြာမကြာမောင့်ကိုဖုန်းထဲမှာပြန်dateလုပ်နေဆဲ
မောင်သွားလားမသွားလားသူမစိတ်မဝင်စားတော့ပါ....မောင်လာလျှင် မောင့်ကိုပျော်အောင်ထားမည်။
မောင် ပြန်သွားရင် လည်းနေတက်အောင်ပြင်ဆင်ထားမိသည်။အရာရာကြည်ဖြူခွင့်လွှတ်နေတဲ့စိတ်မျိုးရှိရလောက်အောင်သူမမဖြူစင်ပါ
မောင့်အပေါ် ဥပေက္ခာ ပါးပါးလေးထားထား ရုံနဲ့ပင် သူမအေးချမ်းနေသည်။
မောင်လည်း house surgeon ဘဝဖြင့်သူ့ဟာနှင့်သူမအားလပ်နိုင်သေး.....
တစ်ချို့ ညနေခင်းတွေ သူရောက်လာတက်ပြီး
တစ်ချို့ညတွေ သူ့ကို ညလုံးပေါက် ဆက်သွယ်လို့မရပါ.....အရာရာ အသားတကျဖြစ်လာသော်လည်း
သူမဘဝရဲ့ကံအဆိုးဆုံးအချိန်ရောက်လာဦးမည်ကိုသူမသတိမထားမိပါ........
💝💝💝💝💝
"တူ..."ခနဲ အသံရှည်တိုးတိုးလေးဆွဲကာ တုန်ခါနေသော စားပွဲခုံ ပေါ်က ဖုန်းကို သူမကောက်ကိုင်လိုက်သည်။
"ဟဲလို...."
တစ်ဖက်မှအတော်ကြာတဲ့အထိ ပြန်မဖြေ
"ဟဲလိုပြောပါ..." ဒီတစ်ကြိမ်တော့သူမအသံပိုကျယ်လာခဲ့သည်။"လေးညို့ ပါ....မနန်းမွေ့"
နန်းမွေ့စံ လေးညို့ဆိုတဲ့အသံကိုမကြားချင်လွန်းလို့ပင်မေ့ထားတာကြာခဲ့ပြီဖြစ်သည်။
![](https://img.wattpad.com/cover/247181025-288-k111614.jpg)
DU LIEST GERADE
More Than Love (အချစ်ထက်ပိုသော)
Romantikအချစ်ဆိုတဲ့အရာတွေတောင်သေးနုပ်ဂုဏ်ငယ်သွားေစနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတချို့ကို အချစ်ထက်ပိုတယ်လို့ယူဆလို့ရကောင်းရပါတယ် အချစ်ဆိုတာခါးသီးမှုတွေပေးတက်ပေမဲ့ မေတ္တာစစ်ကသာထာဝရအေးချမ်းမှုကိုပေးနိုင်ပါလိမ့်မယ် ဒီလိုရှားရှားပါးပါးမေတ္တာစစ်တွေကိုပေးတက်တဲ့ လူတစ...