အဝါအနက် ကြိုးများတားသည့် စည်းဝိုင်းထဲတွင် သွေးအလိမ်းလိမ်းဖြင့်လေးညို့ခင်ကို မှုခင်းသတင်းထောက် တချို့ကတဖျတ်ဖျတ်ဖြင့် ဓာတ်ပုံများ ရိုက်လျက်ဆရာဝန်တစ်ယောက်ဖြစ်ပြီး ယောကျာ်းတစ်ယောက်အတွက် ဒီလိုလုပ်ရပ်မျိုး လုပ်ရသလားဆိုတဲ့ တီတိုးသံများ.....
သူမမျက်ဝန်းထဲ မျက်ရည်များကြောင့် လူတွေ မြင်ကွင်းတွေကိုပင် သဲသဲကွဲကွဲ မမြင်ရပါ။
မျက်စိရှေ့တွင် လူတစ်ယောက် ပိုးဆိုးပက်စက် သေဆုံးသွားတာ မြင်လိုက်ရသောကြောင့် အရာရာအားလုံးကိုထိပ်လန့်လျက်.......
သူမကိုခတ်ထားသောလက်ထိပ်ကြောင့် သူမပိုပြီးထိပ်လန့်လာသည်။
သူမတို့အနီးခပ်ဝေးဝေးမှလာသောလူတစ်ယောက်ကိုတွေ့လိုက်ရသည်။
ကိုကြီး....
သူအဝေးမှ သူမအနီးစိုးရိမ်သောမျက်ဝန်းအစုံဖြင့်ပြေးလာခဲ့သည်။
တကယ်ဆို မောင်လာရမှာမဟုတ်ဘူးလား....🎈🎈🎈🎈🎈🎈
စိုင်းကျော်စွာ တဆက်ဆက်တုန်နေသောသူမကိုတွေ့လိုက်ရသည်။
ငိုထားသောကြောင့်သူမရဲမျက်လုံးတွေသိသိသာသာ အစ်ထွက်နေသည်။
သူမလက်မှာပေကျံနေသောသွေးစသွေးနတွေကို
စိုင်းကျော်စွာ ဂျာကင်ကိုချွတ်ကာ သုတ်လိုက်သည်။
သူမကတော့ အရုပ်တစ်ရုပ်ပမာပျော့ခွေနေသည်။သူမအပေါ်တစ်ကမ္ဘာလုံးက မယုံကြည်ရင်တောင်
သူယုံကြည်သည်။မဖြစ်ဖြစ်အောင် သူနန်းကိုကာကွယ်ပေးဖို့ဆုံးဖြတ်လိုက်မိသည်။
သူ့မျက်နှာကစိုးရိမ်ပူပန်မှုတွေနန်းမမြင်အောင်ဖုံးထားလို့မရ
💙💙💙💙💙💙💙
အချုပ်ကျနေတဲ့နေများထဲတွင် သူမထံမောင်ရောက်မလာပါ......
မျက်နှာပူလို့လား......အမှန်တရားကိုရင်ဆိုင်ရမှာကြောက်လို့လားတော့မသိ.....
မောင်ဟာ...ဆရာဝန်ဖြစ်သော်လည်း စိတ်ဓာတ်ကအလွန်ညံ့ဖျင်းသိမ်နုပ်လွန်းသည်။
ကြားမိသလောက်တော့
မောင်ဟာ လေးညို့နဲ့ သာမာန်ထက်ပိုတဲ့အဆင့်ရောက်ခဲ့သည်။
ŞİMDİ OKUDUĞUN
More Than Love (အချစ်ထက်ပိုသော)
Romantizmအချစ်ဆိုတဲ့အရာတွေတောင်သေးနုပ်ဂုဏ်ငယ်သွားေစနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတချို့ကို အချစ်ထက်ပိုတယ်လို့ယူဆလို့ရကောင်းရပါတယ် အချစ်ဆိုတာခါးသီးမှုတွေပေးတက်ပေမဲ့ မေတ္တာစစ်ကသာထာဝရအေးချမ်းမှုကိုပေးနိုင်ပါလိမ့်မယ် ဒီလိုရှားရှားပါးပါးမေတ္တာစစ်တွေကိုပေးတက်တဲ့ လူတစ...