Episode 11
သူမ ဖန်ခွက်မှ အသံကြောင့်
ထိုအမျိုးသမီးလေးပြူးပြူးပျာပျာဖြစ်သွားသည်ကို သတိထားမိသည်။သူမဖန်ခွက်ကိုချပေးရင်း ထိုင်ချလိုက်သည်။
" ဇွဲ နဲ့မ ရန်အကြီးကျယ်များဖြစ်ထားလို့လားဟင်မ"
သူမ၏ အမေးကို နန်းမွေ့စံ
မျက်ခုံးတွန့်ရုံတွန့်ပြလိုက်သည်။"ဒါနဲ့ ညီမနဲ့ ဇွဲက" သူမအသံကို ပိုင်ဆိုးပိုင်နက်ဆန်မှန်းသူမသိသည်
သို့သော် သူမက ကိုကြီးလိုတော့မနေစိမ့်ပါ....
ကိုယ်ချစ်တဲ့သူကို ပွတ်သီးပွတ်သပ် လာလုပ်တဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်လိုအသည်းနှလုံးနှင့်မျှ ထိုင်ကြည့်ပြီးမနေနိုင်ပါ....
"ညီမက လေးညို့ ပါ ဇွဲ နဲ့ က ၁၀ တန်းကတည်းက ကျူရှင်မှာတော့တူတူပဲ...bff တွေပေါ့ "
"ညီမကို ကျောင်းမှာမတွေ့ဘူးနော်"
"အော်ဟုတ်တယ် ညီမက အမတို့ကျောင်းကမဟုတ်ဘူး cyber ကပါ"
သူမအမေးကို ခပ်သွက်သွက်ပင်ဖြေနေသောကလေးမကြောင့် ....သူမပင်တစ်မျိုးဖြစ်သွားသည်။" အဲဒီတော့...အမနဲ့ ဇွဲ အကြောင်းမသိဘူးပေါ့"
ခပ်ထေ့ထေ့မေးသောသူမအမေးကိုထိုလေးမကခစ်ခနဲရယ်ရင်း
"သိတာပေါ့ မ ရဲ့ .....သူနဲ့ညီမကလည်းအချစ်ဆုံး တွေ ပဲမဟုတ်လား"
နန်းမွေ့စံ ရဲ့ရင်ထဲ ကိုသံသရ ပါးပါးလေး လွှာထည့်ပေးချင်သောကြောင့် လေးညို့ လုပ်ပြောလိုက်ချင်းဖြစ်သည်။သူမစကားကြောင့် နန်းမွေ့စံ သူမမျက်နှာကိုစေ့စေ့ကြည့်လိုက်သည်။
"အချစ်ဆုံး...သူငယ်ချင်းတွေပဲလို့ပြောတာပါ"
လျှာလေးကိုလှစ်ခနဲထုတ်ရင်း ခပ်ထေ့ထေ့ရယ်ရင်း....လူကြည့်တော့သာကလေးသာသာ စကားကိုအမျိုးမျိုး လှည့်ပြောနေသောကြောင့် နန်းမွေ့စံ ထိုကလေးမကိုလျော့တွက်လို့မဖြစ်။

VOCÊ ESTÁ LENDO
More Than Love (အချစ်ထက်ပိုသော)
Romanceအချစ်ဆိုတဲ့အရာတွေတောင်သေးနုပ်ဂုဏ်ငယ်သွားေစနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတချို့ကို အချစ်ထက်ပိုတယ်လို့ယူဆလို့ရကောင်းရပါတယ် အချစ်ဆိုတာခါးသီးမှုတွေပေးတက်ပေမဲ့ မေတ္တာစစ်ကသာထာဝရအေးချမ်းမှုကိုပေးနိုင်ပါလိမ့်မယ် ဒီလိုရှားရှားပါးပါးမေတ္တာစစ်တွေကိုပေးတက်တဲ့ လူတစ...