Episode 8

1.7K 49 0
                                    


တစ်စုံတစ်ယောက်ရဲ့နှလုံးသားကိုကျောခိုင်းပြီး တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ကို အပြီးတိုင်ခိုဝင်မဲ့ သတ္တိတွေ သူမမှာရှိလာခဲ့သည်။

ကိုကြီး က ထာ၀ရ အတွက်မဟုတ်ရင်တောင်မှ တသသ သတိရမိတဲ့သူဖြစ်တဲ့အတွက်...ခက်သည်။

လွမ်းစရာရှိနာစရာနဲ့ဖြေ ဆိုရင်တောင် သူမအပေါ်နာကျည်းအောင်တစ်ခါမှ မရက်စက်ဖူးပါ...

တကယ်ပဲ သူမကိုချစ်ခဲ့ဖူးလား
သူ့ရင်ထဲမှာသူမရောရှိရဲ့လား....
သူ့ရင်ထဲကအရာအရာကိုသူမမြင်တွေ့ချင်မိတာတော့အမှန်...

တကယ်တော့အလွမ်းဆိုတာ တစ်စုံတစ်ရာ အမှတ်တရ တွေကို အဝေးဆုံးကိုလွှင့်ပစ်လိုက်တာမျိုးမဟုတ်
တစ်စုံတစ်ရာအမှတ်တရ အားလုံး ကို နှလုံးသား ရဲ့ အနက်ရှိုင်းဆုံးတစ်နေရာမှာ လူတွေမသိအောင် တိတ်တိတ် လေးမြုပ်ထားလိုက်ခြင်းသာ.....

".....ဘာတွေ တွေးနေတာလဲ"

ရုတ်တရပ် ခေါ်လိုက်သော ဇွဲအသံကြောင့်သူမ တစ်နေရာကိုငေးစိုက်နေရာမှ ဇွဲကိုကြည့်လိုက်မိသည်....
ပုံမှန်လူငယ်စတိုင်သာအဝတ်များသော ဇွဲကို လည်ကတုံးနှင့် ပုဆိုး ဝတ်ထားသည်က လူကြီးခပ်ဆန်ဆန်ဖြစ်နေသည်။

နှုတ်ခမ်းမွှေးခပ်ရေးရေး....အရပ်ကသူမထက်ခေါင်းတစ်လုံးခန့်သာနေသောကြောင့် သူမထက်ကြီးသော အကိုကြီးပမာထင်ရသည်။

တကယ်ဆို သူမစကားတစ်ခွန်းမှမပြောပဲ ငုတ်တုတ်ထိုင် နေတာနာရီဝက်ခန့်ရှိပြီ..

" အင်း...ဇွဲ"
"ဟာ...မကလည်း ဇွဲလို့မခေါ်ပါနဲ့တော့ဆို...မောင်လို့ခေါ်"
ပြောပြောဆိုဆို သူမလက်ကိုလှမ်းကိုင်လိုက်သည်။

ဇွဲကကိုကြီးနဲ့ယှည်တော့ အင်မတန်ခြေသွက်လက်သွက် နိုင်လွန်းသည်ဟုသူမထင်သည်။
"ဘုရားကြီးဖူးပြီးရင်...မောင်တို့ မန္တလေး တောင်ဆက်သွားကြမယ်နော်"
ချက်ချင်းပင် အခေါ်အဝေါ်ပြောင်းလဲလိုက်သောကြောင့်
သူမ ရုတ်တရပ်ပင် ရှိုးတိုးရှမ်းတမ်းဖြစ်သွားမိသည်။
သူကတော့ပေါ့ပေါ့ပါးပါးပင်...

More Than Love (အချစ်ထက်ပိုသော)Donde viven las historias. Descúbrelo ahora