Episode 5

2.3K 54 2
                                    

More than love
Episode 5

သူမတို့နှစ်ဦးအနီး ရောက်လာသည့်မခိုးမခန့် မျက်နှာထားနှင့်ဇွဲ...

"မက ကျွန်တော့ကို အိမ်မလာနဲ့ဦးပြောထားလို့လေ..ကျွန်တော့် ပိုက်ဆံအိတ်ကျွန်တော်လိုက်ယူတာ" စကားသံအဆုံးတွင်မထီတထီအပြုံးတစ်ခု

ဒါ....ဇွဲသက်သက်သူမကို ညစ်နေမှန်းသူမ သိသည်။
သူမဘာတစ်ခွန်းမှမပြောပဲ ပိုက်ဆံ အိတ်ကိုထုတ်ပေးလိုက်သည်။

ကိုကြီးကတော့ ကန်ရေပြင်တစ်နေရာကိုငေးစိုက်လျက်...

"...ကျွန်တော့ကိုမိတ်ဆက်ပေးဦးလေဟောဒီကသားသားနားနား အကိုကြီးနဲ့"
သူ့စကားအဆုံးတွင် သူ့ကိုလှည့်ကြည့်ကာအေးချမ်းစွာပြုံးပြသောထိုလူကြောင့် ဇွဲကိုယ်တိုင်ပင် ရှိးတိုးရှမ်းတမ်းဖြစ်သွားသည်။

ထိုသူ၏မျက်လုံးတွင် အမည်မသိ အရှိန်အဝါရှိနေသည်။

"ကိုယ်..မင်းကိုသိပါတယ်ညီလေး...အကိုကစိုင်းကျော်စွာပါ"

"ကျွန်တော်က ဇွဲစည်သူပါ...အကိုမရှိတဲ့အချိန်ဆို ကျွန်တော်မနားမှာအမြဲရှိနေကြပါ" မဲ့ပြုံးတစ်ချက်ကို အားတင်းပြုံးရင်း ထိုသူကမ်းပေးတဲ့လက်ကို သူပြန်ကမ်းလိုက်သည်။

" ကျေးဇူးညီလေး နန်းကိုစောင့်ရှောက်ပေးလို့"
ကျော်စွာ ထိုချာတိတ်ကိုခပ်ဖွဖွပြုံးပြီးပြောလိုက်သည်။

နန်းကတော့ခေါင်းလေးကိုငုံ့လို့....တွေဝေနေတာလား ရှက်ရွံ့နေတာလား ..

ကျော်စွာ့အတွက်တော့ ထိုချာတိတ်လေး၏အကြည့်တွေအပြောအဆိုတွေကို သဘောပေါက်ပြီးသားဖြစ်နေသော်လည်း...

ပြည့်ပြည့်ဝဝသာနန်းရှေ့တွင်ဆက်ဆံပေးခဲ့သည်....

အိမ်အပြန်လမ်းတွင် သူပင်လောင်းကိုခဏပြန်မည့်အကြောင်းမှလွဲ၍ နန်းနှင့်မည်သည့်စကားမပြောဖြစ်ခဲ့ကြပါ....

🎈🎈🎈🎈🎈

"အကို...စိုင်းကျော်စွာ"နောက်မှ ကြားလိုက်သောအသံကြောင့်သူလှည့်ကြည့်မိသည်...

More Than Love (အချစ်ထက်ပိုသော)Tempat cerita menjadi hidup. Temukan sekarang