Episode 23" အရမ်းချစ်ပါတယ်ဆိုတဲ့ " စကားမျိုးထက် သူ့ရဲ့ ဂရုစိုက်မှုတွေကို ပိုပိုပြီးလိုချင်လာမိသည်။
သို့သော်
သူလည်း သူ့အလုပ်နဲ့သူ
ကိုယ်လည်း ကိုယ့်အလုပ်နဲ့ကိုယ်မို့ တွေ့ရချိန်ကနည်းလှသည်။သူမနဲ့ ကိုကြီး တစ်ပတ်တစ်ခါလောက်သာ တွေ့နိုင်သည်။
အလုပ်ခွင် မှာ မျက်နှာပြောင်နဲ့နေတက်သောသူမ
တစ်ပတ် တစ်ပတ်သူလာခါနီးအချိန် မှုန်နေအောင်အလှပြင်ပြီးစောင့်နေတက်ခဲ့လေပြီ။ကလေးတွေ မဟုတ်တော့သော်လည်း....
သူနဲ့ဆို သူမ ဆိုးနွဲ့ချင်မိသည်။
သူ့ဆီက အပြည့်အဝ မရသည့်အရာဆိုလို့ အချိန် တစ်ခုသာဖြစ်သည်။
တစ်ချို့ အပတ်တွေဆို သူမလာခဲ့နိုင်ပါ။
သူမနဲ့ ချစ်သူဖြစ်ပြီးမှ သိသိသာသာ ပိန်ကျသွားသော ကိုကြီး ကို သူမ သတိထားမိသည်။
အရင်ကအလုပ်တစ်ခုတည်းကျော့ကျော့လေးလုပ်ရတဲ့ကိုကြီး
နန်းနဲ့အလုပ်ကြားဟိုပြေးဒီပြေးနဲ့ပင် အရာအားလုံးဒေါင့်စေ့အောင်နေနိုင်သည်"အလုပ်တွေ ..
အဲ့လောက်လုပ်နေတာ ဘယ်သူ့အတွက်လဲဟင် " လို့မေးတိုင်း
သူများတွေလို " နန်းအတွက်ပေါ့....." ဆိုပြီးပြန်မဖြေ တက်သူဖြစ်သည်။"အလုပ်လုပ်နေရတာကိုသဘောကျလို့" ဟူ၍သာပြန်ဖြေလေ့ရှိသည်။
ကိုကြီး ပုံစံက ဆင်းရဲ မှာအရမ်းကြောက်တဲ့ပုံစံဖြစ်သည်။
သူမက ခရိုနီတွေ ဘာတွေ ဆိုသဘောမကျသော်လည်း ကိုကြီး ကတော့ ထိုချမ်းသာလွန်တဲ့ ပုဂ္ဂိုလ်များ၏ ကောင်းကွက်ကိုရှာကာချီးကျူး လေ့ရှိသည်။"နန်း ချမ်းသာတဲ့လူတွေကို မုန်းနေသ၍၊ ချမ်းသာတဲ့ လူတန်းစားကမကောင်းပါဘူးလို့ မြင်နေသ၍ နန်း မချမ်းသာလာဘူး" တဲ့.....
သူစကားကိုနန်းက လူလူချင်းခွဲခြားတာပဲလို့ ပြန်ချေပတိုင်း
" လူလူချင်းက ကိုယ် ကခွဲခြားစရာမလိုပါဘူး.....လူတွေဟာ သူတို့ဘာသာသူတို့ဘယ်လိုလူတန်းစားဖြစ်ရမယ် ဆိုပြီး သူတို့ကိုယ်တိုင်ပဲခွဲခြားသွားကြတာနန်းရဲ့"
ဟုသာအေးအေးလူလူပြန်ပြောလေ့ရှိသည်။
BẠN ĐANG ĐỌC
More Than Love (အချစ်ထက်ပိုသော)
Lãng mạnအချစ်ဆိုတဲ့အရာတွေတောင်သေးနုပ်ဂုဏ်ငယ်သွားေစနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတချို့ကို အချစ်ထက်ပိုတယ်လို့ယူဆလို့ရကောင်းရပါတယ် အချစ်ဆိုတာခါးသီးမှုတွေပေးတက်ပေမဲ့ မေတ္တာစစ်ကသာထာဝရအေးချမ်းမှုကိုပေးနိုင်ပါလိမ့်မယ် ဒီလိုရှားရှားပါးပါးမေတ္တာစစ်တွေကိုပေးတက်တဲ့ လူတစ...