**Episode 1**

16.1K 111 3
                                    

More than love🎀


   မှုန်ပြပြမနက်ခင်း တစ်ခုမှာသူမ နိုးထလာသည် .....
နေရောင်ခြည်မပျတပျက သူမရဲ့မဲမှောင်နေတဲ့အခန်းကျဉ်းထဲဟိုတစ်ကွက်ဒီတစ်ကွက်...

မျက်နှာကျက်ကိုအဓိပ္ပါယ်မဲ့စွာငေးကြည့်ရင်းသူမဆက်ပြီးလှဲနေခဲ့သည်

အရင်ကအမြဲစောစောထတက်တဲ့သူမအခုဆို အကျင့်ပြောင်းသွားတက်ခဲ့ပြီ

ဒီအချိန်မှာ ကိုကြီးသာရှိရင် "အိပ်ပုတ်မလေးထတော့" ဆိုပြီးချိုမြိန်တဲအနမ်းရယ် သူမ ကြိုက်တက်သော ကော်ဖီကြမ်းတစ်ခွက်ရယ်  
ကိုကြီးက သူမထက်အမြဲပိုစောပြီးနိုးနေကြမလား

လွမ်းတယ် ....... မဟုတ်ဘူး သူမကလွမ်းဖို့မထိုက်တန်တဲ့သူပါ...
တကယ်ဆို သူမနဲ့ ကိုကြီး ကြားထဲက သံယောဇဉ်ဟာ အချစ်ဆိုတဲ့စကားလုံးတောင်မှ သိမ်နုပ်သေးသိမ်သိမ်သွားလောက်အောင် ကြီးမားခဲ့တာမဟုတ်ပါလား..

✴✴✴✴✴✴✴✴✴✴

လွန်ခဲ့တဲ့ 15 နှစ်ခန့်က...
အဲ့နေ့ကဒီနေ့လိုပဲ ဆောင်းတွင်းမနက်ခင်း....မှုန်ပြပြနေရောင်ခြည်က ပေါင်းလောင်းမြို့လေးအပေါ် ဟိုတစ်ကွက်ဒီတစ်ကွက်ကျရောက်လျက်

"မိနန်းရေ နင် လေဖြတ်မယ်နော် " အနောက်မှာထမင်းအိုးတည်လက်စဖြင့်ဒေါ်ကြင်မေတစ်ယောက် လှမ်းအော်လိုက်သည်

ဒီကောင်မလေးနှယ် စောစောစီစီး ရေထချိုးနေတာ သူ့ဘာသာသူရေရွတ်ရင်းထမင်းအိုးကို ငှဲ့ချလိုက်သည်
မိနန်းကတော့မဖြုံပါ သူမအတွက်စောစောထရေချိုးမှနေသာထိုင်သာရှိခဲ့ စာကျက် ပြီးရင် အမေနဲ့ယာထဲလိုက်ကူ ညနေဘက်ဆို စာကျက်ဝိုင်းသွား . .  . .

စာကျက်ဝိုင်းဆိုလို့ အထင်မကြီးနဲဦး မိနန်းတို့မြို့ရဲ့ လိန်းလီဘုန်းကြီးကျောင်းမှာ ရှိတဲ့ပညာဒါနစာသင်ဝိုင်းလေးသာ

စာသင်ဝိုင်းဆိုတာထက် ပညာရေး foundation သဘောမျိုးဖြစ်နေသည် အစစအရာရာ စာအုပ်ကအစ ကျောင်းဝတ်စုံအဆုံး ပေါင်းလောင်းမြို့လေးတစ်မြို့လုံးကကလေးတွေအတွက် အားထားရာနေရာတစ်ခုလို့ဆိုရမည်ဖြစ်သည်။
ထောက်ပံ့ထားတဲ့သူကလည်းပေါင်းလောင်းမြို့ခံသား ရန်ကုန်ကသူဌေးတစ်ဦး ပေါင်းလောင်းကိုတော့ တစ်ခါတစ်ခါလာသည်ဟုကြားဖူးသည်။ မိနန်းနဲ့တော့တစ်ခါမှမတွေ့ဖူးသေးပါ

လိန်းလီကျောင်းရဲ့ဒကာရင်း ကိုကျော်စွာဆိုသူ... ဖြစ်သည်

မႈန္ျပျပမနက္ခင္း တစ္ခုမွာသူမ နိုးထလာသည္ .....
ေနေရာင္ျခည္မပ်တပ်က သူမရဲ့မဲေမွာင္ေနတဲ့အခန္းက်ဥ္းထဲဟိုတစ္ကြက္ဒီတစ္ကြက္...

မ်က္ႏွာက်က္ကိုအဓိပၸါယ္မဲ့စြာေငးၾကည့္ရင္းသူမဆက္ၿပီးလွဲေနခဲ့သည္

အရင္ကအျမဲေစာေစာထတက္တဲ့သူမအခုဆို အက်င့္ေျပာင္းသြားတက္ခဲ့ၿပီ

ဒီအခ်ိန္မွာ ကိုႀကီးသာရွိရင္ "အိပ္ပုတ္မေလးထေတာ့" ဆိုၿပီးခ်ိဳၿမိန္တဲအနမ္းရယ္ သူမ ႀကိဳက္တက္ေသာ ေကာ္ဖီၾကမ္းတစ္ခြက္ရယ္  
ကိုႀကီးက သူမထက္အျမဲပိုေစာၿပီးနိုးေနၾကမလား

လြမ္းတယ္ ....... မဟုတ္ဘူး သူမကလြမ္းဖို႔မထိုက္တန္တဲ့သူပါ...
တကယ္ဆို သူမနဲ႔ ကိုႀကီး ၾကားထဲက သံေယာဇဥ္ဟာ အခ်စ္ဆိုတဲ့စကားလုံးေတာင္မွ သိမ္ႏုပ္ေသးသိမ္သိမ္သြားေလာက္ေအာင္ ႀကီးမားခဲ့တာမဟုတ္ပါလား..

✴✴✴✴✴✴✴✴✴✴

လြန္ခဲ့တဲ့ 15 ႏွစ္ခန္႔က...
အဲ့ေန႔ကဒီေန႔လိုပဲ ေဆာင္းတြင္းမနက္ခင္း....မႈန္ျပျပေနေရာင္ျခည္က ေပါင္းေလာင္းၿမိဳ႕ေလးအေပၚ ဟိုတစ္ကြက္ဒီတစ္ကြက္က်ေရာက္လ်က္

"မိနန္းေရ နင္ ေလျဖတ္မယ္ေနာ္ " အေနာက္မွာထမင္းအိုးတည္လက္စျဖင့္ေဒၚၾကင္ေမတစ္ေယာက္ လွမ္းေအာ္လိုက္သည္

ဒီေကာင္မေလးႏွယ္ ေစာေစာစီစီး ေရထခ်ိဳးေနတာ သူ႔ဘာသာသူေရရြတ္ရင္းထမင္းအိုးကို ငွဲ႕ခ်လိုက္သည္
မိနန္းကေတာ့မျဖဳံပါ သူမအတြက္ေစာေစာထေရခ်ိဳးမွေနသာထိုင္သာရွိခဲ့ စာက်က္ ၿပီးရင္ အေမနဲ႔ယာထဲလိုက္ကူ ညေနဘက္ဆို စာက်က္ဝိုင္းသြား . .  . .

စာက်က္ဝိုင္းဆိုလို႔ အထင္မႀကီးနဲဦး မိနန္းတို႔ၿမိဳ႕ရဲ့ လိန္းလီဘုန္းႀကီးေက်ာင္းမွာ ရွိတဲ့ပညာဒါနစာသင္ဝိုင္းေလးသာ

စာသင္ဝိုင္းဆိုတာထက္ ပညာေရး foundation သေဘာမ်ိဳးျဖစ္ေနသည္ အစစအရာရာ စာအုပ္ကအစ ေက်ာင္းဝတ္စုံအဆုံး ေပါင္းေလာင္းၿမိဳ႕ေလးတစ္ၿမိဳ႕လုံးကကေလးေတြအတြက္ အားထားရာေနရာတစ္ခုလို႔ဆိုရမည္ျဖစ္သည္။
ေထာက္ပံ့ထားတဲ့သူကလည္းေပါင္းေလာင္းၿမိဳ႕ခံသား ရန္ကုန္ကသူေဌးတစ္ဦး ေပါင္းေလာင္းကိုေတာ့ တစ္ခါတစ္ခါလာသည္ဟုၾကားဖူးသည္။ မိနန္းနဲ႔ေတာ့တစ္ခါမွမေတြ႕ဖူးေသးပါ

လိန္းလီေက်ာင္းရဲ့ဒကာရင္း ကိုေက်ာ္စြာဆိုသူ... ျဖစ္သည္

More Than Love (အချစ်ထက်ပိုသော)Hikayelerin yaşadığı yer. Şimdi keşfedin