Episode 15

1.6K 44 3
                                    



ဇွဲစည်သူ အတွက် ဒီညသည်အိပ်မရတဲ့ညပင်ဖြစ်သည်။

သူ လေးညို့အပေါ်စိတ်ယိုင်မိနေတာသူ့ကိုယ်သူ အံဩမိသည်။

တကယ်ဆို သူ....မကို သစ္စာမဖောက်ချင်ပါ

သူတို့ကြားမှာဆက်ထုံးကျန်ရစ်တဲ့အဖုထစ်တွေကြောင့် သူစိတ်ပြောင်းမိသွားတာလား....ဒီအတိုင်းသာယာမိသွားတာလား......မဝေခွဲတက်ပါ။

စားပွဲပေါ်မှလာနေသောဖုန်းကိုသူကောက်ကိုင်လိုက်သည်။
" ဟဲလို မောင်"

သူမအသံကြားမှကိုယ့်ကိုယ်ကိုယ် ပိုလိပ်ပြာမလုံဖြစ်သွားမိသည်။

"ပြောလေ ....." သူ့ဖြေသံကအားမပါပါ။

"မောင်နေမကောင်းဘူးလားဟင်"
သူမအသံကသူ့အပေါ် အရင်လိုနွေးထွေးမှုအပြည့်...

" မကိုလွမ်းလို့ပါ" သူစိတ်မပါ့တပါအသံဖြင့်ဖြေလိုက်သည်။

တစ်ဖက်မှ မရဲ့ ခပ်ဖွဖွရယ်သံနှင့်အတူ
" ချစ်လိုက်တာမောင်ရယ်" ဟူ၍ ကြားလိုက်ရသည်။

ခါတိုင်းလို သူ မနဲ့စကားပြောရတာမပျော်ပါ...
သူ့ကိုယ်သူလိပ်ပြာမလုံတဲ့စိတ်ကကြီးစိုးနေသည်။
ဒါကို မ မရိပ်မိပါစေနဲ့ပဲဆုတောင်းမိသည်။

💥💥💥💥💥

နန်းမွေ့စံ ညနေဘက် ဆယ်တန်းကလေး တစ်အုပ်ကို Bio ပြနေချိန်
သူမအတန်း ရှေသို့လာရပ်နေသောလူတစ်ဦးကို သူမ မျက်လုံး ထောင့်မှတွေ့မိသည်။

"ဟင် ကိုကြီး "
ကိုကြီးက ခပ်ဖွဖွပြုံးရင်းသာ သူ့ကိုလှမ်းနှုတ်ဆက်လိုက်သည်။

အတန်းပြီးချိန် အပြင်ရှိခုံတန်းလေးတွင်ထိုင်နေသောသူ့ကိုနှုတ်ဆက်လိုက်သည်။

"ဘယ်လိုဖြစ်လို့ ရုတ်တရပ် ကြီးပေါက်ချလာတာလဲ ကိုကြီး"

သူသောက်လက်စ ရေနွေးကြမ်းကိုမော့ချပြီးမှ

"ဒီ လိုကွာ ကိုယ်တို့ကျောင်းရဲ့ ဆယ်နှစ်ပြည့့်နေနဲ့ပြန်လာတာ.....တစ်နှစ်ပြည့်တိုင်းဒီက ကလေးတွေ အချိန်ပိုင်းဆရာမတွေ အားလုံး ကို ခရီးပို့နေကြလေ"

More Than Love (အချစ်ထက်ပိုသော)Donde viven las historias. Descúbrelo ahora