ကိုကြီး နဲ့သူမ ချစ်သူသက်တန်း ၂ နှစ်ကျော်ကျော်ထဲရောက်လာချိန်မှစ၍ကိုကြီးဘက်မှပိုဆိုးလာသည်။အလုပ်သစ်တိုးချဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူမထံ တစ်လနေမှတစ်ခေါက်တောင် သိပ်မလာနိုင်တော့ပါ....
ခဏခဏ သူမစိတ်ဆိုးမိသော်လည်း.....
သူ့မျက်နှာမြင်ရင်အရည်ပျော်သွားမြဲပင်......
အဝေးကနေဂရုစိုက်မှုတချို့မလျော့သော်လည်းသူမအတွက်တော့ စားရလွန်းတဲ့ကလေးပိုပိုဗိုက်ဆာတက်သလို
အမြဲလိုလိုကပ်တွယ်မိချင်နေမိသည်သူမဘက်ကလည်း အစိုးရဆေးရုံ ဆိုတော့ ခွင့်ယူလို့ မကောင်း....
တကယ်ဆို ဒီလိုနေ့မျိုးတော့ သူမလာသင့်သည်။
ဘေးမှ နာစ်မလေးများတောင် သူတို့ ရည်းစားတွေနဲ့တွေ့ဖို့ စောစောပြန်သွားသည်။
"ဒေါက်တာ့ anniversary ဆို ဒေါက်တာရဲ့ကိုကြီး မလာဘူးလား"
ဆိုပြီး အကြောင်းသိ nurse မလေးများက မေးသွားတိုင်းဒေါသတွေအလိပ်လိုက်ထွက်လာခဲ့သည်။သူမကတော့ ကော်ဖီတစ်ခွက်နှင့် ညဂျူတီ ဆင်းနေရသည်။
တကယ်လို့ကိုကြီးသာလာရင် Decemberလဟာ ပြီးပြည့်စုံ သွားမှာအမှန်ပင်
နှစ်ပတ်လည် တိုင်း အတူတူ မဖြတ်သန်းရသေးသောကြောင့်
အထပ်ထပ်ပူဆာထားတာတောင် သူ မရောက်လာခဲ့ပါ....
သူမစိတ်ကောက်ရင်လည်း
"နန်းကလည်းကွာ အသက်ပဲ ၂၈နှစ်ထဲဝင်တော့မယ် ဘာ anniversary day လဲ" ဆိုပြီးသာပြောလေ့ရှိသည်။Anniversary တို့ဘာတို့ ကကလေးတွေ အလုပ်တဲ့
ဘာပဲဖြစ်ဖြစ် ဘယ်မိန်းကလေးကြည့်ကြည့် ဒီအချိန် ဆို Ro ချင်ကြတာချည်းပင်
အနည်းဆုံးတော့ post card လေးဖြစ်ဖြစ်တော့ သူမလိုချင်ခဲ့သည်။
သူမ ဖုန်းခလုပ်ကို အမြန်နှိပ်လိုက်သည်။
တစ်ဖက်မှ သူ့အသံက အလွန် နွမ်းရိ နေသောအသံဖြင့်ထူးသည်။
" ကိုကြီး နန်းကို တကယ်ရောချစ်ရဲ့လား"
သူမမေးခွန်းကြောင့် သူကြောင်စီစီဖြစ်သွားခဲ့သည်။
အတန်ကြာအောင်ကိုကြီးရဲ့အသံကတိတ်ဆိတ်သွားခဲ့သည်
"ချစ်ပါတယ်နန်းရယ်"
ESTÁS LEYENDO
More Than Love (အချစ်ထက်ပိုသော)
Romanceအချစ်ဆိုတဲ့အရာတွေတောင်သေးနုပ်ဂုဏ်ငယ်သွားေစနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတချို့ကို အချစ်ထက်ပိုတယ်လို့ယူဆလို့ရကောင်းရပါတယ် အချစ်ဆိုတာခါးသီးမှုတွေပေးတက်ပေမဲ့ မေတ္တာစစ်ကသာထာဝရအေးချမ်းမှုကိုပေးနိုင်ပါလိမ့်မယ် ဒီလိုရှားရှားပါးပါးမေတ္တာစစ်တွေကိုပေးတက်တဲ့ လူတစ...