နောက်နေ့မနက်ကိုကြီးပြန်သွားချိန်မှစပြီး နန်းမွေ့စံ ၏တိုက်ရှေ့သို့ ....မကြာခဏရောက်လာသူက ဇွဲ...သူမ သူ့ကိုခါတိုင်းလို အရောတဝင်မနေတော့ပါ....
သူမနဲ့ပတ်သတ်လျှင် ကလေးဆန် ဆန် တဇောက်ကန်း နိုင်သောထိုလူငယ်လေးကို မချစ်သော်လည်း သူမ မမုန်းဖူးပါ
ကျောင်းသွားတိုင်းသူမနောက်ကသူတကောက်ကောက်လိုက်လာတက်သည်။
ခါတိုင်းလို အိမ်တော့မလိုက်လာရဲ အိမ်ရှေ့ရစ်သီရစ်သီလုပ်ကာ ပြန်သွားနေခဲ့သည်။
ကိုကြီးကတော့ သူ့အလုပ်တွေကြောင့်လား တကယ်ပဲမအားလို့လားသူမမသိပါ...
သူမဆီအလာကျဲခဲ့သည်။သူမပဲကိုကြီးနဲပတ်သတ်ရင် အစိုးရိမ်လွန်တာ...သူမကိုယ်တိုင်သာသိသည်။
ကိုကြီး သူမနဲ့ဇွဲကိုတစ်ခုခုပတ်သတ်နေတယ်ထင်ပြီး ရှောင်လွှဲနေတာလား...
အဲဒီ့နေ့ကစပြီး အလုပ်ကိစ္စဖြင့် မန္တလေးရောက်နေတာတောင် သူမကို အသိမပေးခဲ့....
မိဘပြီးရင်သံယောဉ်ဇဉ်အရှိဆုံးလူတစ်ဦးကိုညွှန်ပြပါဆိုလျှင်ကိုကြီးသာရှိခဲ့သည်။
နားလည်ရခက်သော
လျို့လျို့ဝှက်ဝှက်နေသော ကိုကြီးအကြောင်းကို သူမကိုယ်တိုင်လည်း သိပ်မသိပါ....သေချာတာက ကိုကြီးလည်း မိတစ်ကွဲဖတကွဲ တစ်ကောင်ကြွက်ပုံစံဖြင့်ကြီးပြင်းခဲ့ရသည်။
ချမ်းသာကြွယ်ဝမှုမှလွဲ၍ မေတ္တာတရား ငတ်မွတ်ခဲ့တဲ့ကိုကြီးမှာ ဘယ်လိုများ မေတ္တာဖြင့်အများသူငါကိုအေးချမ်းစေလိုသောမေတ္တာစိတ်မျိုးသာရှိနေရသနည်း.....
ဟုသူမမကြာခဏတွေးမိသည်။
သို့သော်.. ..
တစ်ကောင်ကြွက်ချင်းတူတူ သူမကအထီးကျန်မှုကိုမုန်းတီး၏...အမှီအတွယ်အရမ်းထားတက်သည်။
ကိုကြီးကတော့ အထီးကျန် မှုတွေကို အသားကျလို့လား၊ အရသာပဲတွေ့နေလားမသိပါ.....တကယ်ဆို...ဒီနေ့မျိုးကိုကြီးရှိဖို့ကောင်းသည်။
ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပနေချိန်ဖြစ်သည်.....
သူမနားတွင် digital camera ကြီးလွယ်လျက် တကောက်ကောက်လိုက်နေသောဇွဲမှတစ်ပါး.....မည်သူမှမရှိပါ...
အမေ့ကိုလွမ်းတယ်...ကိုကြီးကိုသတိရတယ်.....
ကင်မရာထဲပြုံးနေသော် သူမစိတ်ထဲမှာအေးစက် အကျည်းတန် လျှက်
ŞİMDİ OKUDUĞUN
More Than Love (အချစ်ထက်ပိုသော)
Romantizmအချစ်ဆိုတဲ့အရာတွေတောင်သေးနုပ်ဂုဏ်ငယ်သွားေစနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတချို့ကို အချစ်ထက်ပိုတယ်လို့ယူဆလို့ရကောင်းရပါတယ် အချစ်ဆိုတာခါးသီးမှုတွေပေးတက်ပေမဲ့ မေတ္တာစစ်ကသာထာဝရအေးချမ်းမှုကိုပေးနိုင်ပါလိမ့်မယ် ဒီလိုရှားရှားပါးပါးမေတ္တာစစ်တွေကိုပေးတက်တဲ့ လူတစ...