နှင်းစက်များက ဟိုဟိုဒီဒီ စိုစွတ်လျှက်
ကျုံးပတ်ပတ်လည်မှ ကြည့်လိုက်လျှင် မြူများစိုင်းနေသောကြောင့် သူမပင်ဆိုင်ကယ်ကိုထိန်းပြီးမောင်းလာခဲ့သည်။ဒီနေ့ သူမတို့ ဆေးရုံမှာတော်တော်အလုပ်ရှုတ်သည့် နေ့ပင်ဖြစ်သည်။
မြူတွေ အလွန်စိုင်းသောကြောင့် ဆိုင်ကယ် accident တွေ သွေးသံရဲရဲတွေ တော်တော်များများရောက်လာခဲ့သည်။
မအားသည့်ကြားမှ သူမဖုန်းလေးကိုကြည့်လိုက်သည်
46 miss callဖုန်းခေါ်ပြီး လျစ်လျူရှု ခံရတဲ့ ခံစားချက်ကိုသူမကောင်းကောင်းသိသည်။
သူမ ဖုန်းခလုပ်ကိုကိုနှိပ်ပြီး သူ့ကို ဖုန်းပြန်ခေါ်လိုက်သည်။
ဖုန်းမကိုင်တဲ့အတွက် သူမပင် စိုးရိမ်သွားသည်။ဒုတိယ တစ်ခါ ထပ်ခေါ်သောအခါမှ တစ်ယောက်လာကိုင်သည်
ခပ်နွဲ့နွဲ့အသံမို့ စီစီမှန်းတန်းသိသွားသည်။
"စီစီ ကိုကြီးရော "သူမအလောတကြီးမေးလိုက်သည်။
" နန်းရေ ညက ဖုန်းကျန်ခဲ့တာဖြစ်မယ်.....ည တုန်းကကောက်ကာငင်ကာထထွက်သွားတာပဲ"
"အော်ဟုတ်ကဲ့ စီစီ သူပြန်လာရင် နန်းကို ဖုန်းခေါ်ဖို့ပြောပေးပါနော်"
"အေးအေး စိတ်ချ နန်း"
တစ်ဖက်မှ ဖုန်းချသွားသည့်တိုင်အောင် သူမအတွေးစတို့က တွေဝေလျှက်...
"ဒေါက်တာ emergency လူနာ"
နောက်မှ နာစ်မလေးရဲ့ အသံကြောင့်သူမအသိပြန်ဝင်သွားသည်။
"ယာဉ်တိုက်မှု တဲ့ဒေါက်တာ ဒဏ်ရာပြင်းတယ်၊ အသက်ပုံမှန်မရှုတော့ဘူး pressure လည်းထိုးကျနေပြီ"
တစ်ခုချင်းစီပြောပြနေသော နာစ်မလေးကြောင့်သူမစိုးရိမ်သွားသည်။"နှလုံးခုန်စက်ရယ် Ketamine ရယ်ပြင်ထားပေးပါ"
ဘေးမှနာစ်မလေးကိုတည်တည်ငြိမ်ငြိမ်ပင်ပြောလိုက်သည်။
VOCÊ ESTÁ LENDO
More Than Love (အချစ်ထက်ပိုသော)
Romanceအချစ်ဆိုတဲ့အရာတွေတောင်သေးနုပ်ဂုဏ်ငယ်သွားေစနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတချို့ကို အချစ်ထက်ပိုတယ်လို့ယူဆလို့ရကောင်းရပါတယ် အချစ်ဆိုတာခါးသီးမှုတွေပေးတက်ပေမဲ့ မေတ္တာစစ်ကသာထာဝရအေးချမ်းမှုကိုပေးနိုင်ပါလိမ့်မယ် ဒီလိုရှားရှားပါးပါးမေတ္တာစစ်တွေကိုပေးတက်တဲ့ လူတစ...