Episode 22
စိတ်ရောကိုယ်ပါ ချုံးချုံးကျသွားသောနန်းကို အားပေးဖို့ ကသူ့အတွက်ဘုရားပေးတဲ့တာဝန်လိုဖြစ်လာခဲ့သည်။
အရင်ကပျော်ရွှင်နေခဲ့သောသူမမျက်နှာမှအပြုံးတွေ လုံးလုံးဆိတ်သုန်းပျောက်ကွယ်သွားခဲ့သည်။
ညဘက်တိုင်းအခန်းထဲတွင် တိတ်တိတ်လေးခိုးငိုနေတဲ့သူမကိုတွေ့တိုင်း သူ့ရင်ထဲမှာပါမိုးပြိုသလိုခံစားရသည်။
အရင်က တက်တက်ကြွကြွရှိတက်တဲ့နန်း
အခုဆို မနက်တော်တော်နောက်ကျတဲ့အထိအိပ်နေတက်သည့်အတွက်
မနက်တိုင်း သူမဖျော်ပေးလေ့ရှိတဲ့ ကော်ဖီကြမ်းကို သူမအတွက်ပြန်ပြီးပြင်ဆင်ခဲ့ရသည်။
သူမ အသိမှတ်ပြုသည်ဖြစ်စေ
အသိမှတ်မပြုသည်ဖြစ်စေ
သူမအနားဒီလိုရှိရတာတင် သူကျေနပ်မိသည်။သူမကိုခေါ်ပြီး ခရီး တွေလည်းသွားဖြစ်ခဲ့သည်။
သူမနဲ့အတူ ပရဟိတ တွေလုပ်ဖြစ်သည်။
ပင်လောင်း ကိုပြန်ကာ ကလေးတွေနဲ့ ပြန်တွေ့ခဲ့သည်။
အချိန်ကအကောင်းဆုံးဆေးဆရာဆိုသလိုပဲ
သူမရဲ့အပြုံးတွေပြန်ပြီးအသက်ဝင်လာခဲ့သည်......
အရာရာအသားကျပြီထင်မှ သူပစ်ထားတာကြာတဲ့အလုပ်တွေဆီပြေးရတော့သည်။
နန်းလည်း အလုပ်ပြန်ဝင်ခဲ့သလို.....
သူလည်း နန်း ဆေးကျောင်းတက်ကာစကလို မန္တလေး နှင့်ရန်ကုန်ကို အိမ်ဦးနဲ့ကြမ်းပြင်လိုပြေးရတော့သည်။
🎈🎈🎈🎈🎈🎈
သူမအတွက်ကံအကောင်းဆုံးအချိန်ကာလတွေနဲ့ ကံအဆိုးဆုံး ကာလတွေမှာ ကိုကြီးက အနီးနားကမဟုတ်ရင်တောင် ခပ်လှမ်းလှမ်းက ရှိနေပေးခဲ့သည်။
မျက်ရည် တွေ ၊နောက်ကျောကထိုးတဲ့ဓားတွေ ၊ အရမ်းချစ်ပါတယ်ဆိုတဲ့စကားတွေ.......
အဖြူကိုအဖြူ အမဲကိုအမဲ မြင်လာခဲ့တဲ့အချိန်မှာ
အေးချမ်းတဲ့ မေတ္တာအပေါ်သာယာမိတာ သဘာဝပါ။တကယ်ဆို သူမဘက်ကလည်း ကိုကြီး အပေါ်ထားတဲ့မေတ္တာက အချစ်ထက်ပိုသည်...
ŞİMDİ OKUDUĞUN
More Than Love (အချစ်ထက်ပိုသော)
Romantizmအချစ်ဆိုတဲ့အရာတွေတောင်သေးနုပ်ဂုဏ်ငယ်သွားေစနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတချို့ကို အချစ်ထက်ပိုတယ်လို့ယူဆလို့ရကောင်းရပါတယ် အချစ်ဆိုတာခါးသီးမှုတွေပေးတက်ပေမဲ့ မေတ္တာစစ်ကသာထာဝရအေးချမ်းမှုကိုပေးနိုင်ပါလိမ့်မယ် ဒီလိုရှားရှားပါးပါးမေတ္တာစစ်တွေကိုပေးတက်တဲ့ လူတစ...