Episode 4

2.3K 59 2
                                    

More Than love
Episode 4

စိုင်းကျော်စွာ ဆိုဖာပေါ်မှီချလိုက်သည် မိုင် ၄၀၀ ကျော်ကို တစ်ညလုံးမောင်းလာရတဲ့အတွက် သူ့တစ်ကိုယ်လုံးနွမ်းနယ်လျက်.....

သူ့ထိုင်ခုံဘေးရှိအမှတ်တမဲ့အရာလေးတစ်ခုဆီ သူ့မျက်စိရောက်သွားသည်။

အမျိုးသားကိုင် လက်ကိုင်အိတ်တစ်လုံး သူဖွင့်ကြည့်လိုက်သည်

လက်ကိုင်အိတ်၏ ဘယ်ဘက်ရှိ student card မှ name ကိုသူသေချာဖတ်လိုက်သည်။ "မောင်ဇွဲစည်သူ..."

ဒါ....နန်းစာသင်ပေးဖူးတယ်ဆိုတဲ့ချာတိတ်လေးလား?

ဒီအိတ်ကဘယ်လိုလုပ်နန်းအိမ်ထိရောက်နေတာလဲ?

မေးခွန်းများအစီအရီသူ့ခေါင်းထဲထွက်ပေါ်လာခဲ့သည်....

သို့သော်....သူနန်းကိုဖွင့်ဟမေးဖို့အင်အားမရှိသလို...

မမေးလည်းမမေးရက်ပါ..

ကျေးဇူးရှင်ဆိုတဲ့ခေါင်းစဉ်အောက်မှာ နန်းအပေါ်အခွင့်ရေး လိုတာထက်ပိုယူဖို့မတွေးဖူးပါ..

မျက်စိရှေ့ပွင့်လန်းလာတဲ့ ကိုယ်ကိုယ်တိုင်ပျိုးထားတဲ့ပန်းကလေးအပေါ် ပိုင်ဆိုင်လိုစိတ်ဆိုတာထက် အေးချမ်းတဲ့မေတ္တာဖြင့်ဆက်ချစ်သွားဖို့သာ သူရည်ရွယ်ခဲ့သည်...

အနည်းဆုံးတော့ အခုလိုနန်းနားရှိခွင့်ရတာတင် ဘုရားပေးတဲ့လက်ဆောင်ဟုသူသတ်မှတ်ထားသည်

"ကိုကြီး.. ."
သူရင်းနှီးတဲ့ အချိုသာဆုံးအသံ
"Sorryနန်း...နန်းတပည့်လေးပိုက်ဆံအိတ်လေးကိုယ်ဖွင့်ကြည့်မိလို့"

သူမ ကိုကြီး ရဲ့မျက်ဝန်းကို လှမ်း၍အဖြေရှာကြည့်လိုက်သည်

ပကတိအေးချမ်းတဲ့အသွင်ဖြင့်သာ....
ကိုကြီးမျက်ဝန်းတွေကိုသူမအဖြေရှာမတက်ခဲ့ပါ..

နန်းကိုဘာတစ်ခွန်းမှ မမေးဘူးလား ကိုကြီး ရယ်..

ကိုကြီးပဲဟန်ဆောင်ကောင်းလွန်းတာလား...

တကယ်ပဲ ကိုကြီး ရဲ့ရင်ထဲမှာနန်းမရှိဘူးလား...ပကတိအေးတိအေးစက်က ကိုကြီး ရဲ့သွင်ပြင်ပဲလား?
သူမဘာမှမပြောပဲဇွဲ၏ လက်ကိုင်အိတ်ကိုကောက်သိမ်းလိုက်သည်။

More Than Love (အချစ်ထက်ပိုသော)Donde viven las historias. Descúbrelo ahora