Episode 18
သူမနဲ့မောင်အဆက်သွယ်ပြတ်သွားတာနှစ်ပတ်ခန့်......
မန္တလေးရှိ သူမ အသိတစ်ချို့မှ မောင့်သတင်းတွေ အမြဲလိုလို ရောက်လာလေ့ရှိသည်။
မောင် ကောင်မလေးတစ်ယောက်နဲ့တွဲသွားတွဲလာဖြစ်နေတဲ့အကြောင်းတွေ....
ကောင်မလေးနဲ့မောင်နဲ့ကသာမာန်ဆက်ဆံမှုမဟုတ်တဲ့အကြောင်းတွေ
သူမကိုအစိမ်းဖြတ် ဖြတ်သွားတဲ့မောင့်အပေါ်သူမ နားမလည်နိုင်သေး.......
တကယ်ပဲ မောင့်ရဲ့ စိတ်ဓာတ်တွေက အောက်တန်းကျသွားပြီလား.......
တစ်နေ့တစ်နေ့ သူမဘက်ကပို့မြဲ SMS တွေမောင်ဖတ်ရောဖတ်ကြည့်ပါ့မလား......
အရင်ကပြောနေကျ....မောင့်ဖုန်းကလည်း အမြဲလိုလို ဆက်သွယ်မှုဧရိယာပြင်ပသာ.......
အဲ့လောက်အဆက်အသွယ်ဖြတ်ရလောက်အောင်သူမ မှားယွင်း ခဲ့မိလို့လား......
အမြဲလိုလို အတွေးနယ်ချဲ့နေသောသူမ အလုပ်ခွင်မှာပါအဆင်မပြေဖြစ်လာခဲ့သည်။
ဒီလိုပဲ နေ့ရက်တွေအတော်ကြာသည်ထိ သူမ မောင်မရှိပဲဖြတ်သန်းခဲ့သည်။
🎈🎈🎈🎈🎈🎈
နွေဦးပေါက်နေ့လယ်ခင်း.........
တစ်ရက်တော့ သူမထံဆိုက်ဆိုက်မြိုက်မြိုက်ကြီးမောင်ရောက်လာခဲ့သည်။သူမှားခဲ့ပါတယ်တဲ့....
လေးညို့ခင်ကိုလည်းသူအဆက်သွယ်ဖြတ်လိုက်ပါပြီတဲ့....
သူမျက်နှာကအရင်လိုတက်တက်ကြွကြွမဟုတ်.....
မုတ်ဆိတ်မွှေး ပုသိုင်းမွှေးတွေဖရိုဖရြဲဖစ်နေသောမောင့်ကိုသူမအရင်လိုပြန်ဖြစ်စေချင်မိသည်။
လေးညို့ခင်က သူ့အပေါ်အတည်မဟုတ်သလို
မောင့်ဘက်ကလည်း သူမနဲ့အဆင်မပြေချိန်ခဏ စိတ်ထွက်ပေါက်ရှာမိခဲ့ကြောင်း သူရှင်းပြခဲ့သည်။
အရင်ထက်အများကြီးပိန်ကျသွားသောမောင့် မျက်နှာမြင်တော့
ခွင့်လွှတ်ပါတယ်မောင်ရယ်ဟုပင်ပြောစရာမလိုလောက်အောင် သူမပျော့ညံ့သွားခဲ့သည်။
VOCÊ ESTÁ LENDO
More Than Love (အချစ်ထက်ပိုသော)
Romanceအချစ်ဆိုတဲ့အရာတွေတောင်သေးနုပ်ဂုဏ်ငယ်သွားေစနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတချို့ကို အချစ်ထက်ပိုတယ်လို့ယူဆလို့ရကောင်းရပါတယ် အချစ်ဆိုတာခါးသီးမှုတွေပေးတက်ပေမဲ့ မေတ္တာစစ်ကသာထာဝရအေးချမ်းမှုကိုပေးနိုင်ပါလိမ့်မယ် ဒီလိုရှားရှားပါးပါးမေတ္တာစစ်တွေကိုပေးတက်တဲ့ လူတစ...