တရားခွင်မှာ ဆူညံလျက်ရှိသောအသံများအားလုံး နာယက ကြီးရောက်လာချိန်တွင်ရေကို မီးနှင့် ငြိမ်း လိုက်သလိုပင်တိတ်ဆိတ်သွားသည်။
တစ်ယောက်ပြီးတစ်ယောက် သက်သေထွက်ဆိုကြပြီး
လက်နှိပ်စက်သံများလူသံများဖြင့် ဆူညံလျက်သူမကိုတရားလိုဘက်မှရှေ့နေမှမေးခွန်းမေးရန်ခေါ်သည့်အတွက်သူမထသွားခဲ့သည်။
စိတ်လှုပ်ရှား မှုကြောင့် ရင်တွေ တဒိန်းဒိန်း ဆောင့်တက်လျက်
အားကိုးတကြီးလိုအုပ်ထဲကိုဝေ့ဝဲကြည့်လိုက်တော့ သူမကိုနွေးထွေးစွာလှမ်းပြုံးပြသည့် ကိုကြီး ကိုတွေ့လိုက်ရသည်။
"မနန်းမွေ့ စံနဲ့ မလေးညို့ခင် ဘယ်လိုပတ်သတ်မှုမျိုးရှိလဲရှင်းပြပါ"
တစ်ဖက်ကရှေ့နေကအမျိုးသားဖြစ်သည်။
" ကျွန်မချစ်သူနဲ့ လေးညို့တွဲဖူးပါတယ်"
ပရိသတ် ကြားမှာဆူဆူညံညံအသံများထွက်လာသည်။" မှုခင်းဖြစ်တဲ့အချိန် မှာမ နန်းမွေ့စံ နဲ့လေးညို့နဲ့ ရန်ဖြစ်ခဲ့ပါသလား"
"ရန်မဖြစ်ပါဘူး....လေးညို့ကကျွန်မကိုစကားဆက်ပြောရန်လာဆွဲတာပါ ရုန်းရင်းကန်ရင်းနဲ့သူမခြေခေါက်လဲကျသွားတာပါ"
"ခြေခေါက်လဲကျတာလား မနန်းမွေ့စံ တွန်းလှဲ လိုက်မိတာလား"
သူမတည်တည်ငြိမ်ငြိမ်ပင်
"ခြေခေါက်လဲကျတာပါ"နောက်မေးခွန်းတစ်ခု
"မနန်းမွေ့ စံရဲ့ ချစ်သူနာမည်က"
"မောင် ဇွဲစည်သူပါ" သူ့နာမည်ကိုပြောဖို့ပင်ရင်ဝမှာတစ်ဆို့လျှက်"မောင်ဇွဲစည်သူ နဲ့ မလေးညို့ခင် တွဲနေတုန်းက မနန်းမွေ့စံ ဘယ်လိုတုန့်ပြန်ခဲ့လဲ"
" ကျွန်မ အဲ့တုန်းက ပင်လောင်းမှာတာဝန်ကျနေခဲ့ပါတယ်၊ သတင်းတွေလောက်သာကြားခဲ့ပြီး၊ နောက် ပိုင်း အတန်ကြာတဲ့ထိ မောင်ဇွဲစည်သူ နဲ့အဆက်အသွယ်မရှိခဲ့ပါဘူး၊ နောက်မောင်ဇွဲစည်သူက သူ့သဘောနဲ့သူ ကျွန်မဆီပြန်လာခဲ့တာပါ"
أنت تقرأ
More Than Love (အချစ်ထက်ပိုသော)
عاطفيةအချစ်ဆိုတဲ့အရာတွေတောင်သေးနုပ်ဂုဏ်ငယ်သွားေစနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတချို့ကို အချစ်ထက်ပိုတယ်လို့ယူဆလို့ရကောင်းရပါတယ် အချစ်ဆိုတာခါးသီးမှုတွေပေးတက်ပေမဲ့ မေတ္တာစစ်ကသာထာဝရအေးချမ်းမှုကိုပေးနိုင်ပါလိမ့်မယ် ဒီလိုရှားရှားပါးပါးမေတ္တာစစ်တွေကိုပေးတက်တဲ့ လူတစ...