Part-1

31.9K 867 28
                                    

(Unicode)

"ငေွကိုင်းမျက်မှန်လေးနဲ့ဆရာဝမ်က ကျွန်တော့်အချစ်ဒသနတွေဖွင့်ဆိုရာ မှတ်စုစာအုပ်လေး..."(XZ)

"မျက်နှာများတဲ့ကျောင်းသားလေးရှောင်းကျန့်က ကျွန်တော့်မျက်နှာကိုတော့တကမ္ဘာထင်သတဲ့လေ..."(YB)

☘🍂☘🍂☘🍂☘🍂☘🍂☘🍂☘🍂

ရှန်ဟိုင်းမြို့ရဲ့ လူချမ်းသာသားသမီးတွေသာတက်နိုင်တဲ့ အဆင့်မြင့်ကောလိပ်ကျောင်းကြီးတစ်ခု။ထိုကျောင်းရဲ့မိုးလုံလေလုံအားကစားရုံကြီးအတွင်းမှအဆက်မပျက်ဟိန်းထွက်နေတဲ့ကောလိပ်ကျောင်းသားတွေထက်ကျောင်းသူလေးများထံမှစူးစူးဝါးဝါးအားပေးနေသံကအမည်နာမနှစ်လုံးတည်းသာ။

" ရှောင်းကျန့်...ငါတို့ရဲ့မင်းသားလေးရှောင်းကျန့်... ကျားရိုး ကျားရိုး...ဝေးးးးးးရှောင်းကျန့်....."

ရှောင်းကျန့် ဆိုတဲ့လူငယ်လေးကတော့ထိုကျောင်းသူမလေးတွေရဲ့အော်ဟစ်အားပေးနေသံကိုဂရုမစိုက်အား မိမိလက်ဝယ်ရှိနေတဲ့ဘတ်စကတ်ဘောလုံး​လေး ကိုပြိုင်ဘက်အသင်းစီမရောက်ဖို့အရေးအာရုံစိုက်ဆော့ကစားနေလေရဲ့။

ရှောင်းကျန့်လက်ထဲကဘတ်စကတ်ဘောလုံးလေးကတော့ တခြားတစ်ယောက်စီ​ရောက် ဖို့မပြောနဲ့ ရှောင်းကျန့်လက်ချက်နဲ့သခင့်အလိုတော်အတိုင်း ဂိုးပေါက်ထဲကိုတချီပြီးတချီ ပြေးဝင်နေရတာနဲ့မအားလပ်နိုင်။

ချွေးတလုံးသံတလုံးအားကစားဝတ်စုံနဲ့ရှောင်းကျန့်ကအရင်နေ့တွေကထက်ပင်ပိုကြည့်ကောင်းနေသယောင် ကျောင်းသူမလေးတွေရဲ့အကြည့်ကသူ့ထံ၌သာ။

တဂိုးဂိုးတိုင်းမှဲ့နက်လေးတန်ဆာဆင်ထားတဲ့ရှောင်းကျန့်နှုတ်ခမ်းပါးတို့ကွေးညွှတ်အောင်ပြုံးလိုက်ချိန်ကျောင်းသူမလေးတွေကိုပိုမိုဆွဲဆောင်နေသလိုအင်အားပြင်းလက်နက်တစ်ခု၌ကျရှုံးကြလေရဲ့။

ထိုသူကား စီးပွားရေးမေဂျာရဲ့နောက်ဆုံးနှစ်ကျောင်းသားလေးကျောင်းသူမိန်းကလေးတွေရဲ့ပါးစပ်ဖျားမှာ မှဲ့နက်ပိုင်ရှင်မင်းသားလေးလို့popularဖြစ်လွန်းတဲ့ ရှောင်းရှောင်းကျန့်ပင်တည်း။

မောင်သာလျှင်...[Complete]Where stories live. Discover now