"မင်္ဂလာပါ... ညမတို့ရဲ့..အနောက်မှာမြင်နေရတဲ့
အဆာက်အဦးကအားလုံးသိကြတဲ့အတိုင်း
BitHit
တက္ကသိုလ်ပေါ့နော်..ဒီနေ့ညမတို့ရဲ့youtube
Channal ကနေ ဒီနေ့ကျောင်းကိုအသစ်
ရောက်လာမဲ့ ပထမနှစ်ကျောင်းသား
ကျောင်းသူ
ဂျူနီယာလေးတွေကို..အင်တာဗျူး မဲ့အစီအစဉ်ပေါ့နော်..
အားလုံးပဲစောင့်မျှော်ကြည့်ရှူ့ပေးကြပါဦး
အရင်နှစ်ကကျောင်းက ဘယ်သူတွေနာမည်ကြီးပြီး..ဘယ်မေဂျာက
ဘယ်သူတွေနာမည်အကြီးဆုံးလဲဆိုတာ
တင်ဆက်ပေးဦးမှာနော်..ဒါဆို..စလိုက်ကြ
ရအောင်..go..go...go""Yoonမ အိုကေရဲ့လား"
ကင်မရာကိုင်ထားသည့် ဂျီဂျီ ကို
အိုကေလားဟုလှမ်းမေးလိုက်သည့် ယွန်းယွန်း။"အိုကေ..အိုကေ..ဟဲ့ ထယ်ယောင်း
နင်ဘာလုပ်နေတာလဲ...ကြည့်ရှူ့နှုန်းတိုးအောင်
လာနှုတ်ဆက်စမ်းပါ..''ဂျီဂျီ ကတက္ကသိုလ်အားကင်မရာနှင့်ချိန်ကာ
ကြော်ငြာ နေတုန်း ယွန်းယွန်းက
သစ်ပင်မှမှီကာ ဖုန်းကြည့်နေသည့်
ထယ်ယောင်းဆွဲခေါ်ကာပြောတော့..
ထယ်ယောင်းကမလိုက်ဘဲ..သစ်ပင်မှာပေကပ်
ကာမှီနေသည်။"မလုပ်ချင်ပါဘူးဟာ..ကိုယ့်ဘာသာကို..
နေပါရစေ..''ဂျီဂျီကင်မရာကို ထယ်ယောင်းဘက်လှည့်လိုက်
တော့ ယွန်းယွန်းက.."ပရိတ်သတ် ကြီးရှင့် ဒါကတော့ အနုပညာမေဂျာရဲ့ king ကင်ထယ်ယောင်း
လို့
ခေါ်ပါတယ်ရှင့်..ထယ်ယောင်းနှုတ်ဆက်
လိုက်ပါဦး''သစ်ပင်ကိုမှီကာ ဖုန်းကြည့်နေသည့်
ထယ်ယောင်းကို ခြေထောက်နှင့်မသိမသာလှမ်း
ကန်ကာ မျက်လုံးပြူးပြကာ နှုတ်ဆက်ခိုင်းသည်။
ထယ်ယောင်းသက်ပြင်းတစ်ချက်ချကာ
Box smile လေးတစ်ချက်ပြုံးလိုက်ပြီး.."မင်္ဂလာပါ.. ကျွန်တော်ကအနုပညာမေဂျာရဲ့
လူချောလေး ကင်ထယ်ယောင်းပါ..ကျွန်တော့်တို့
Liveကိုဆက်ပြီးကြည့်ရှူ့ပေးကြပါဦး
အားလုံးပဲတာ့တာ...''ကင်မရာဟိုဘက်လှည့်လိုက်တော့မှ
ထယ်ယောင်းက ယွန်းယွန်းဘက်ကို
လှည့်ကာ"ရပြီမလား..မမလေး..ငါသွားပြီ"
"ဟဲ့..ဟဲ့..ကင်ထယ်ယောင်းနေဦးလေ..
ထယ်ယောင်း"
YOU ARE READING
"ရင်ခုန်သံနှောင်ကြိုး"[Completed]
Fanfictionအချစ်ဆိုတာ ဆန်းကြယ်လိုက်တာ ချစ်မိသွားရင်..အပြစ်မမြင်တော့ဘူး.. ကျွန်တော်ဟာ ကိုယ့်ကိုထားသွားရင်တောင် ရင်နာနာနဲ့ဆက်ချစ်နေခဲ့တဲ့အချစ်ရူးတစ်ယောက် ဖြစ်ခဲ့တယ်။ အချစ်ဆိုတာ ဆန်းကြယ်လိုက်တာ ချစ်မိသွားရင်..အပြစ်မမြင်တော့ဘူး.. ကျွန်တော်ဟာ ကိုယ့်ကိုထားသွားရင်တော...