💔part 1💔

4.7K 203 4
                                    

Unicode

နေ့တစ်နေ့ကလည်း ကုန်ဆုံးဖို့အတွက် တစ်ဖြည်းဖြည်း အမှောင်ထုကြီးက စိုးမိုးလာပြီ။ Tae Hyung တစ်ယောက်ကျောင်းဝန်းကြီးအလယ်က မြက်ခင်းပြင်ပေါ်မှာထိုင်ကာ ဆွဲကြိုးလေးတစ်ကုံးကိုကိုင်ပြီး မျက်ဝန်းထဲကလည်း မျက်ရည်တွေက သူ့အလိုလိုစီးကြနေတာကို သတိမထားမိဘူး။ ဆွဲကြိုးလေးကို ကိုင်ပြီး သေချာကြည့်နေတယ်။ ပုံစံကြည့်ရတာတော့ သူအရမ်းခံစားနေရတာများလား။

" ငါတောင်းပန်ပါတယ်ကွာ။ ငါ့ဆီကိုပြန်လာဖို့မတောင်းဆို‌ပင်မဲ့ ငါ့စိတ်ထဲကတော့ မင်းကို တမ်းတနေမိတယ်။ ငါတို့အရင်လိုပြန်နေရရင် ဘယ်လောက်တောင်ကောင်းမလဲကွာ"

မိုးအရမ်းချုပ်နေပြီ။ အိမ်ပြန်ဖို့ဆိုတာကလည်း အရမ်းနောက်ကျနေပြီဆိုတော့ မြက်ခင်းပြင်ပေါ်မှာပဲ အိပ်လိုက်တယ်။ ညတစ်ညဆိုတာက အိပ်ပျော်သွားသူအတွက် တိုတောင်းလွန်းလှတယ်ဆိုတော့ မနက်ဆိုတာက Tae Hyung တွက်အချိန်တိုတိုလေးနဲ့ ရောက်လာခဲ့တယ်။ကောင်မလေးတွေအကုန်လုံး ရဲ့အကြည့်တွေက မြက်ခင်းပေါ်က Tae Hyung ဆီမှာပဲရှိနေကြတယ်။ အိပ်နေပုံလေးကိုက ကောင်မလေးတွေကြွေအောင် ဆွဲဆောင်နေတာများလား။

"Tae Hyung oppa ချောလိုက်တာ"

"အိပ်နေပုံလေးကိုက ချောနေတာပဲ။ ဒါ့ကြောင့် ၃ နှစ်ဆက်တိုက်ဒီUniရဲ့ King ဖြစ်နေတာနေမှာ။ ဒီကျောင်းမှာ သူ့လောက်ချောတဲ့သူမရှိတော့ဘူး"

"ရှိပါတယ်ဟာ။ ပုကျိလေ။ Korea မေဂျာ First Year က Park Jimin လေဟာ"

ကောင်မလေးတွေ စကား‌ပြောနေတုန်းမှာပဲ ParkJimin ကဘေးနားကနေဖြတ်သွားတယ်။ သိတဲ့ အတိုင်းပဲလေ ပုကျိတို့က သူ့ကိုကြည့်နေမှန်းသိလို့ ပဲကတစ်အိုချက်လောက် ပစ်ကြွေးခဲ့သေး တယ်။ သူ့ရဲ့ဆံပင်ကို သပ်တင်လိုက်ပြီး သူ့ရဲညာဘက် မျက်လုံးတစ်လုံးကိုလဲ ကောင်မလေးတွေ ဘက်ကိုမှိတ် ပြလိုက်သေးတယ်။ ဟိုကကောင်မလေးတွေကတော့ ကြွေပြီပေါ့။ စပ်စုစိန်ပုကျိက လူတွေ ဝိုင်းကြည့် နေတဲ့ Tae Hyung နားကို စပ်စုချင်တာကြောင့် သွားကြည့်တယ်။

"ဘာများဖြစ်လို့ ဒီလောက်ဝိုင်းကြည့် နေကြတာပါလိမ့်နော်"

I Don't Miss You  [Uni/Zaw]Where stories live. Discover now