ငါး

95 9 0
                                    

အပိုင်း(၅)

" ဟာ စွဲလမ်းသူ ဟိတ် စွဲလမ်းသူ "
နေဇင်ခေါ်လို့မရတော့ပဲ…မြက်ပင်ကြားမှာစွဲမေ့လဲနေသည်။
" ကျွတ်! ပြသနာပဲကွာ တစ်ခုခုဆိုကြောက်ဖို့ပဲ မြို့သားတွေတကယ်ခက်ပါတယ်ကွာ "

နေဇင်ငြီးညူလိုက်ပြီး စွဲကိုယ်လေးကိုပွေ့ချီသွားကာတဲအိမ်လေးဆီသို့ခေါဆောင်သွားလေတော့သည်။
ဦးညိုတဲပေါမှာထိုင်ပြီးလက်ဖက်ရည်ကြမ်းသောက်နေချိန် နေဇင်က စွဲကိုထမ်းကာလာနေသည်ကိုတွေ့လိုက်ရသည်။ ဦးညိုလည်း တဲပြင်ကိုထွက်လိုက်ပြီး…နေဇင့်ဆီကိုအပြေးသွားလေတော့သည်။

" နေဇင် လူလေး တူလေးစွဲဘာဖြစ်တာလဲဟင် လမ်းမှာဘာဖြစ်ခဲ့ကြတာလဲ"
" ဦးညိုရေ ဘာမှမဖြစ်ဘူး ဒီကောင်ပေါ့ နွားချေးပုံတက်နင်းမိလို့  မြောင်းထဲကိုခြေထောက်သွားဆေးခိုင်းလိုက်တာ မျှော့တွယ်လိုက်လို့ဗျာ့ အဲ့ဒါခြေထောက်မှာမျှော့တွယ်ထားတဲ့နေရာကနေသွေးတွေထွက်လာလို့လန့်ပြီးမေ့လဲသွားတာ"
" ဟာ ဒီကောင်တော့ ဒါလေးကိုမေ့လဲစရာလား ကဲကဲ တဲပေါကိုခေါလာခဲ့လိုက် "

နေဇင် စွဲကိုတဲပေါမှာလှဲချလိုက်လေသည်။ ခြေထောက်ကမျှော့တွယ်ထားတဲ့အရာတွေကို နေဇင်ထုံးများသုတ်ပေးထားလိုက်သည်။ခုထိတော့ သတိမရသေး။ နေဇင် လည်းစပါးများဆေးမပတ်အားသေးပဲစွဲကိုစောင့်ကြည့်နေလေ၏။ ခဏအကြာ စွဲသတိရလာလေတော့သည်။

" ဟင့် အင်းး အွန်း  ၀ါးးး အိပ်လို့ကောင်းလိုက်တာ"
" မင်းသတိရလာပြီလား "
" ဟင် ကျွန်တော်ဘာဖြစ်ခဲ့လို့လဲ ဘာတွေလာပြောနေမှန်းမသိဘူး "
စွဲ ဖြစ်ပျက်သမျှကိုမေ့နေကာနေဇင့်ကို ဘူး တောင်ခါလိုက်သေး၏။

" အဲ့မှာလေ…''
နေဇင် စွဲခြေထောက်ကိုပြ၍စွဲလည်းခြေထောက်ကိုပြန်ကြည့်လိုက်မှ…
" ဟင် စွဲ​ခြ​ထာက်မှာထုံး​​တွေပါလား ဟင်……ဟာ မျှော့ မျှော့ အီးးးး ကြောက်တယ် မျှော့တွေ "
သူဖြစ်ပျက်သမျှကိုပြန်လည်သတိရလာလေတော့သည်။ဦးညိုကတော့ ဓာတ်မြေသြဇာများကိုတောင်းထဲထည့်နေရင်းစွဲကိုသဘောတကျဖြင့်ရယ်နေလေသည်။

" ဟေ့ စွဲလမ်းသူ အော်မနေနဲ့ မင်းတဲထဲကိုရောက်နေပြီ ဘာမျှော့မှမရှိတော့ဘူး"လို့နေဇင်ပြောသည်။
" ဟင် ဟုတ်လား တော်ပါသေးရဲ့ ဖူးးးးး"
အဲ့တော့မှ စွဲလည်းလေပူတစ်ချက်မူတ်ထုတ်လိုက်ကာစိတ်အေးသွားလေတော့သည်။
ဒီတော့မှ နေဇင်လည်းစပါးများကိုစိတ်အေးလက်အေးဆေးပတ်နိုင်လေတော့သည်။သြော် သူတောင်စိတ်ပူနေပြီပဲ။
နေ့လယ် ၁၂း၀၀နာရီလောက်မှသူတို့၃ဦးသားအိမ်ကိုပြန်ရောက်ကြလေရဲ့။စွဲ အိမ်ရောက်ရောက်ချင်းပဲ ခြေလှမ်းများကထမင်းဝိုင်းဆီသို့။

လွမ်းမောစရာရွာကလေး(စဆုံး)Where stories live. Discover now