နှစ်ဆယ့်တစ်(ဇာတ်သိမ်းပိုင်း)

195 7 0
                                    

အပိုင်း(၂၁)
(ဇာတ်သိမ်းပိုင်း)

အခုဆို ဦးညိုဆုံးတာရက်လည်တောင်ပြီးသွားခဲ့လေပြီ။အားလုံးကတော့သတိရတိုင်း ငိုမိဆဲ။ဒေါ်ဆည်းဆာညိုတို့လင်မယားနှစ်ဦးသိသိခြင်းပဲ ဦးညိုအသုဘကိုအရောက်လာခဲ့ကြသည်။အခုတော့ ရက်လည်ဆွန်းသွပ်လုပ်ပြီးပြီမို့ ရန်ကုန်ကိုပြန်ကြပေတော့မည်။
" သား စွဲလေး မေမေတို့နဲ့ပြန်လိုက်မလား သားနေဇင်လည်းလိုက်ခဲ့လေ "
စွဲ နေဇင်ဖက်လှည့်ကာမေးဆတ်ပြလိုက်၏။
" မဖြစ်သေးဘူး ဒေါ်ဒေါ် ဦးညိုထားခဲ့တဲ့လယ်က အခုမှရိတ်တုန်း နယ်တုန်းပဲရှိသေးတယ် အကယ်၍ကလေးပြန်ချင်ရင် ပြန်ထားနှင့်လေ အလုပ်တွေပြီးမှကိုကို လိုက်လာခဲ့မယ် "
" မရဘူး ကိုကိုမပါပဲ ကလေးလိုက်မသွားနိုင်ဘူး
မေမေ စွဲမပြန်တော့ဘူး ကိုကိုနဲ့ပဲစွဲအတူတူဒီရွာလေးမှာနေသွားတော့မယ် မေမေ "

" ဟယ် သားရယ် မေမေတို့ကိုပစ်ထားမလို့လား "
" မဟုတ်ဘူးလေ မေမေရဲ့ စွဲတို့မကြာမကြာလာလည်မှာပေါ့ ပြီးတော့ သီဟကလည်းဒီရွာမှာ သူ့ရဲ့အချစ်ကိုရှာတွေ့နေပြီလေ အဲ့ဒါကြောင့် သားတို့ညီအစ်ကိုနှစ်ယောက်ဒီရွာမှာပဲ နေသွားချင်လို့ပါ "
" အင်းပါ သားရယ် မကြာမကြာတော့လာလည်နော် သိလား သား နေဇင် ဒေါ်ဒေါ့်သားစွဲလေးကိုစောင့်ရှောက်ပေးပါနော် သူကအလိုလိုက်ထားတော့တအားဆိုးတယ်ကွဲ့ ''
" စိတ်ချပါ အန်တီ ကျွန်တော် ကလေးကိုပျော်အောင်ထားပြီး တစ်သတ်လုံးချစ်သွားပါ့မယ် ကတိပေးပါတယ် "
" ကောင်းတယ်ကွာ ဒါဆို သား ဖေဖေနဲ့မေမေ့ကိုခွင့်ပြုဦးနော် "
" ဟုတ် ဖေဖေ မေမေ့ကိုဂရုစိုက်ပေးပါ ကျန်းမာရေးဂရုစိုက်ကြပါနော် "
" အင်း သားလေး မေမေစိတ်ချပြီနော် "
" ဟုတ်မေမေ တာ့တာ "
စွဲ မိဘနှစ်ဦးကိုလက်ပြနူတ်ဆက်လိုက်လေတော့သည်။ဒေါ်ဆည်းဆာညိုတို့ထွက်သွားတော့မှ စွဲ နေဇင့်ရဲ့ရင်ခွင်ထဲခေါင်းလေးတိုးဝှေလိုက်ရင်း……
" ကိုကို "
" ဗျာ ကလေး ပြောလေ "
" ဦးညိုကို သတိရတယ် ကိုကို "
" ကလေးရယ် သွားတဲ့လူကသွားပြီလေကွာ ကလေးစိတ်မကောင်းဖြစ်နေရင် ဦးညိုတမလွန်မှာစိတ်မဖြောင့်ပဲနေလိမ့်မယ် "
" ဟင့်အင်း စွဲ အဲ့လိုတော့အဖြစ်မခံနိုင်ပါဘူး ဦးညိုအတွက်စွဲ ဒီနေ့ကစပြီး ပျော်ပျော်ပဲနေတော့မယ် "
" ဒါပဲပေါ့ ကလေးရယ် ……"
နေဇင်နဲ့စွဲ တစ်ယောက်ကိုတစ်ယောက်တင်းကြပ်စွာဖက်ထားလိုက်ကြသည်။

လွမ်းမောစရာရွာကလေး(စဆုံး)Tempat cerita menjadi hidup. Temukan sekarang