ဆယ့်ငါး

90 5 0
                                    

အပိုင်း(၁၅)

အရုံဦးရဲ့လင်းရောင်ခြည်လေးတွေကတစ်လောကလုံးကိုလွှမ်းမိုးနေသည်။ အိပ်ယာထက်၌ပျင်းကြောဆွဲနေသည့် စွဲ တစ်ယောက်နိုးစက်ပေးထားသည့်နာရီလေးကိုအိပ်မူန်စူန်မွှားဖြင့်လှမ်းကြည့်လိုက်သည်။နံနက် ၇း၅၀ မိနစ် ။ အိမ်ထဲတွင် သူကလွဲလို့မည်သူမျှ မရှိ။ တိတ်ဆိတ်ခြင်းကို ပစ်ခွင်းကာ အော်ထပ်ကို တစ်ယောက်တည်းစကားများပြောကာ ဆင်းသွားလေ သည့်စွဲ။

" ပျင်းတယ် အိမ်မှာလည်းဘယ်သူမှမရှိဘူး
နံနက်စာ တော့ လုပ်ထားခဲ့မှာပါ လေ "

နံနက်မိုးလင်းလျှင် စွဲ ပထမဆုံးမျှော်လင့်တောင်းတ တာက မနက်စာပင် ။ အိမ်နောက်က ရေစင်ဖက်ကိုမသွားမီ မီးဖိုချောင်ထဲကိုဝင်ကြည့်လိုက်မိသည်။ စားပွဲပေါ်တွင်တော့ အုပ်ဆောင်းနီနီလေးကအခန့်သား ။စွဲ ထိုအုပ်ဆောင်းကို ဖယ်ရှားလိုက်တော့ …

" အလားလား .… ခေါက်ဆွဲရယ် မုန့်ဖက်ထုပ်ရယ် ဆွဲပြီလေ အာ   နေဦး မျက်နှာသွားသစ်ရဦးမယ်
ပြီးရင်း မင်းတို့ကိုလာဝါးမယ် "

စိတ်ထဲတွင် စားပွဲပေါ်ကစားစရာများကို အပီဆွဲရန် စွဲ တေးမှတ်ထားလိုက်ရင်း မျက်နှာသစ်ကိုယ်လက်သန့်စင်ခြင်းကိုပြုလုပ်လိုက်တယ်။
မျက်နှာပေါ်က ရေစက်တွေကို သဘတ်အသာအယာသုတ်လိုက်ရင်း ခြေလှမ်းများက စားပွဲဆီသို့ ။

" လာကြဟေး လာကြ ငါ့ဗိုက်ထဲလာကြ အွန်း ကောင်းလိုက်တာ "

ပြောပြောဆိုဆို မုန့်ဖက်ထုပ်လေးကို ခွာရင်း ပါးစပ်ထဲထိုးထပ်လိုက်သည်။
အိမ်ထဲမှာတော့ စွဲ အသံကလွဲပြီး ဘာအသံဗလံမျှမရှိ။
စွဲ စားပွဲပေါ်ကပြင်ထားသမျှကို တစ်ခုပြီးတစ်ခုစားနေလိုက်သည်။

ထိုအချိန်………
" အူးးးဝူး အူးဝူး အူး အူး  "

အနောက်ကနေ စွဲပါးစပ်ကိုတစ်ခုခုလှမ်းပိတ်သလိုခံစားလိုက်ရသည် ။စိမ်းရွှေရွှေ အနံ့အသက်များနှင့် ခေါင်းထဲတွင်နောက်ကျိသွားရ ရင်း ကြမ်းပြင်ပေါ်တွင် ခွေခွေလေး လဲကျသွားလေတော့သည်။

" ဟျောင့်တွေ အဲ့ကောင်လေးကို ဒီအိတ်ထဲထည့်လာခဲ့ "
ဂုန်နီအိတ်ကြီး တစ်ခုကိုထုတ်ပေးလိုက်သည့် မျက်နှာဖုံးစွပ်နဲ့လူ ။
သူ၏ တပည့်တပန်းများကလည်း ထိုဂုန်နီအိတ်ကိုယူငင်ကာ စွဲကို အိတ်ထဲထည့်ရင်းသယ်သွားကြလေတော့သည်။ စားပွဲပေါက စားစရာများကတော့ ပြန်ကျဲစွာဖြင့် ။

လွမ်းမောစရာရွာကလေး(စဆုံး)Hikayelerin yaşadığı yer. Şimdi keşfedin