အပိုင်း(၁၃)
" ကဲ ဘွားဆီလာပါဦး မြေးလေး "
" ဟုတ်ကဲ့ ဘွား "
စွဲ ရေချိုးအဝတ်အတ်အစားလဲပြီးချိန် … အောက်ထပ်ကိုဆင်းလာပြီးဘွားခင်လေးလှမ်းခေါ်လိုက်တော့ ဘွားခင်လေးအနားသွားထိုင်လိုက်သည်။
" အနောက်လှည့်မြေလေး ဘွားဆေးလူးပေးမယ်နော် "
" ဟုတ်ကဲ့ ဘွား "
စွဲ အနောက်ကိုလှည့်ပေးလိုက်၏။ စွဲ အိင်္ကျီလေးကိုအလှန်ကာ စွဲနောက်ကျောကို ဘွားခင်လေးဆေးများ ဖြေးညင်းစွာလူးပေလိုက်သည်။
" နာရင်ပြောနော် မြေလေး "
" ဟုတ်ကဲ့ စွဲ မနာပါဘူး ဘွား"
" အေး အေး ဘယ်သူတွေကများ မြေးလေးကိုဒီလိုလုပ်ရက်ကြတာလဲကွယ်ကြည့်ပါဦး ကျောကုန်းတစ်ခုလုံးနီရဲနေတာပဲ… အော် လူတွေ လူတွေ "
ဘွားခင်လေးတစ်ယောက်သံဝေဂများရကာ ညည်းနေလိုက်မိ၏။
စွဲရင်ထဲတွင် နာကျည်းမူများက အမြစ်ပွားနေလေပြီ။ လာမည့်မနက်ဖြန်များစွာဟာ သူ့အတွက်အောင်မြင်မူပဲဖြစ်ရမည်ဟု ကိုယ့်ကိုကိုယ်ယုံကြည်မူအပြည့်ထားလိုက်၏။" အား ဘွားဘွားက စွဲကိုဆေးလူးပေးနေတာပဲ စွဲဘာဖြစ်လို့လဲဟင်"
အိမ်ထဲကိုရုတ်တရက်ဝင်လာပြီး ပြောလိုက်သည့်နေဇင့်ကိုစွဲရောဘွားခင်လေးပါကြည့်လိုက်မိကြသည်။" ဟုတ်တယ် လူလေးရေ စွဲလေးကျောကုန်းနီရဲနေလိုက်တာ အတော်ဆိုးတဲ့လူတွေပဲ လုပ်ရက်လိုက်ကြတာ"
" ဗျာ……"
နေဇင် နားမလည်လိုက်ပေ။ စွဲကတော့ သူ့အားတစ်ချက်ပြုံးပြလိုက်လေတယ်။နေဇင်ပြုံးဖို့မအားပဲ စွဲအနားကိုသွက်လက်စွာပင်သွားလိုက်၏။
ကမမ်းကတမ်း စွဲနောက်ကျောကိုအကြည့်ရောက်သွားပါပြီ။ နီရဲနေပြီး ညိုချင်နေသယောင်ယောင် စွဲကျောကုန်းလေးကိုသူကြည့်ရင်း လွန်မင်းစွာအံ့သြသွားရလေ၏။" စွဲ အဲ့ဒါဘယ်သူလုပ်တာလဲ ကိုယ့်ကိုပြောပြပါလား ဘယ်သူလုပ်တာလဲလို့ "
စွဲ နေဇင့်ကိုနားလည်သည့်မျက်ဝန်းအစုံဖြင့်ကြည့်လိုက်ရင်း………
_ ဘယ်သူလုပ်တာလဲတဲ့လား အစ်ကို အစ်ကိုမကြည့်လို့မသိတာပါ အစ်ကိုရာ စွဲမှာရန်သူတစ်ယောက်ပဲရှိတာပါ အဲ့ရန်သူကလည်း အစ်ကိုရဲ့အနီးဆုံးလူလေ ဒါပေမယ့်အစ်ကိုရာ သူ့ဖက်က အခြေအနေကတင်းမာနေပြီဆိုတော့ စွဲလည်းနုနေလို့မရတော့ဘူး မနက်ဖြန်ကစပြီးအစ်မထိပ်ထားနာကျင်ရတာကို အစ်ကိုမြင်တွေ့ရမှာပါ ဒါပေမယ့်ဒီအကြောင်းကိုတော့ကျွန်တော်အစ်ကို့ ကိုလုံးဝဖွင့်ပြောမှာမဟုတ်ဘူး စွဲရန်သူကိုစွဲပဲအနိုင်ယူချင်လို့ ပါ-
BINABASA MO ANG
လွမ်းမောစရာရွာကလေး(စဆုံး)
Romance''စွဲသိပ်ချစ်တဲ့ကိုနေ့ရွာ'' မြို့ပြရပ်ရွာ တစ်ထွေလာရောက် ဖြောင့်တောင့်ထန်းပင်.ပေါများစမ်းလျှင် သိပ်ကိုပင်လှပ သဘာဝက မှတ်ရစရာ များပြားစွာ။ မျိုးချင်းအိမ်သား တည့်ငြားကုန်ပင် တစ်ယောက်လျှင်သာ ချွင်းချက်ပါလေ သူသေကိုသေ ရန်တွေဖြစ်ဖူး တစ်မူးဘယ်ခါ မေ့မရပါ။ လွမ...