အပိုင်း(၉)
စွဲဟာ…… ထိပ်ထားဒေါသဖြစ်နေတာကိုမြင်လိုက်၍ရွဲ့စောင်းကာပြောလိုက်ခြင်းဖြစ်သည်။ ထိပ်ထား စွဲကိုလှည့်ကြည့်လိုက်သည်။
" ဟုတ်တယ် မောင်လေးစွဲရဲ့ ပုရွက်ဆိတ် လူကြားထဲဝင်ဝင်ရူပ်တတ်တဲ့ ပုရွက်ဆိတ်ကိုသတ်နေတာ "" ဟုတ်လား ဒါဆိုလည်းသဘောပါဗျာ့ ခိခိ "
စွဲ မထီမဲ့စွာရယ်လိုက်၏။ထိပ်ထား၏ဒေါသမျက်စောင်းကတော့စွဲထံ၌ပင်ကျရောက်နေပါ၏။လူများရှေ့မို့သူမ မစွမ်းသာ။စိတ်ထဲ၌သာကျိန်ဆဲနေမိလေတော့၏။
ရွှာသူကြီးဦးမင်းရာ တာဝန်အသီးသီးပေးအပ်ပြီးခြေလှမ်းများရွှာဦးဘုန်းကြီးကျောင်းဆီသို့။ယနေ့ဟာ တနင်္ဂနွေနေ့ဖြစ်သောကြောင့် ရွှာကဘုန်းကြီးကျောင်းကိုသန့်ရှင်းရေးလုပ်ရန်လူငယ်များအားစေခိုင်းခြင်းဖြစ်သည်။ ရွှာဦးဘုန်းကြီးကျောင်းမှာလည်း ကပိယဟာတစ်ယောက်တည်းရှိသည်မို့မနိုင်ပါချေ။နွေဦးရာသီဖြစ်သောကြောင့် လေလွင့်ရွှက်ကြွေများကလည်းထူထပ်လာသည်။ဘုန်းကြီးကျောင်း၌အပင်များဟာလည်းအတော်များသား။
ထို့ကြောင့်လည်း ဦးမင်းရာစီစဉ်လိုက်ရခြင်းဖြစ်ပါသည်။ ဦးမင်းရာနှင့်အတူကျန်တဲ့ရွှာကလူငယ်များရွှာဦးကျောင်းဆီသို့ထွက်ခွာကြလေပြီ။ မြေကွက်လပ်ဝိုင်းတွင်တော့ စွဲရယ် ထိပ်ထားနှင့်ကိုစိုင်းသာကျန်တော့သည်။" ကိုစိုင်း သွားမယ်လေ ဘာလုပ်နေတာလဲ "
" သွားမယ်လေစွဲ မမ သားသွားပြီနော် "
" အင်း အင်း "
ထိပ်ထားမသက်သာစွာပြောလိုက်တယ်။ရင်ထဲကဖြစ်နေတဲ့ဒေါသမီးလျှံများကိုအတော်ကိုချိုးနှိပ်ထားရလေ၏။
စွဲရဲ့အကြံဥာဏ်များကဒီမျှနှင့်မပြီးသေးပါချေ။
ခြံဝရောက်လျှင်ရောက်ခြင်းပဲ………" အာ့ အာ့ နာလိုက်တာ အား"
ခြေထောက်ခေါက်သွားသည့်ပုံစံကိုပီပြင်ပိုင်နိုင်စွာလုပ်ပြလိုက်လေရဲ့။
" ဟင် စွဲဘာဖြစ်တာလဲ အရမ်းနာနေလားဟင် ခြေခေါက်သွားတာထင်တယ် "
" ဟုတ်မယ်ကိုစိုင်းသဲမြေဆိုတော့ ခြေထောက်ကနစ်နစ်သွားတာကြောင့် ထင်ပါရဲ့ အာ့ ကျွတ် ကျွတ် နာလိုက်တာ "
" နေ နေကိုယ်လုပ်ပေးမယ် "မထင်မှတ်လေပဲ ကိုစိုင်းဒူးလေးထောက်ကာစွဲ၏ခြေထောက်ကိုသူ့ဒူးပေါတင်ရင်းနှိပ်နယ်ပေးနေလေသည်။ စွဲ ထိပ်ထားကိုငဲ့စောင့်ကြည့်ရင်း မျက်စိတစ်ဖက်မှိတ်ပြလိုက်လေတော့သည်။ ထိပ်ထားလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားလိုပ်ပါပြီ။ ဒီတစ်ခါတော့ သူမသည်းမခံနိုင်တော့ပါ။ စွဲတို့ဆီကိုခြေလှမ်းကျဲများဖြင့်သွားရင်း စွဲကိုတွန်းလိုက်လေတောလသည်။
YOU ARE READING
လွမ်းမောစရာရွာကလေး(စဆုံး)
Romance''စွဲသိပ်ချစ်တဲ့ကိုနေ့ရွာ'' မြို့ပြရပ်ရွာ တစ်ထွေလာရောက် ဖြောင့်တောင့်ထန်းပင်.ပေါများစမ်းလျှင် သိပ်ကိုပင်လှပ သဘာဝက မှတ်ရစရာ များပြားစွာ။ မျိုးချင်းအိမ်သား တည့်ငြားကုန်ပင် တစ်ယောက်လျှင်သာ ချွင်းချက်ပါလေ သူသေကိုသေ ရန်တွေဖြစ်ဖူး တစ်မူးဘယ်ခါ မေ့မရပါ။ လွမ...