ဆယ့်တစ်

106 7 0
                                    

အပိုင်း(၁၁)

        ရွာလမ်းအတိုင်းရောက်လာသော သိန်းလှတစ်ယောက်ရေပုံးလေးကိုတံပိုးဖြင့်ထမ်းရင်းရေခပ်ရန်ကန်ဆီသို့ရောက်လာခဲ့လေသည်။ပါးစပ်မှလည်းဗြစ်တောက် ဗြစ်တောက်နဲ့။

" အိမ်ကမိန်းမကွာ ဒီအချိန်ကြီးကျမှရေခပ်ခိုင်းရတယ်လို့နေကလည်းပူနဲ့ဒီမိန်းမတော့ကွာ……"
ပါးစပ်မှပွစိပွစိရေရွတ်ရင်းကန်တွင်ထိုးထားသည့်တံတားပေါ ရေဆင်းခပ်ရန်ခြေလှမ်းများ လှမ်းရန်……

" ဟိုက် ဘယ်သူများကြာပန်းတွေကိုဒီလောက်အများကြီးခူးထားရတာလဲ ကြည့်စမ်းပါဦးပန်းတွေကညိုးကုန်ပြီ ခူးပြီးတော့လည်းယူမသွားဘူး ခက်တာပဲလူတွေကတော့ သဘာဝအလှကိုဖြုန်းတီးနေတာပဲ "

တံတားပေါ်ရှိ ညိုးလျောနေသောကြာပန်းများကိုကြည့်ရင်း သိန်းလှတစ်ယောက်လိုရာဆွဲတွေးပြောချလိုက်၏။
တံတားပေါက တင်ကျန်ရစ်နေသည့် ကြာပန်းများကိုကောက်ယူမည်အပြု…

" ဟင် ဟိုကြာပင်တွေကဘာလို့ ချဲနေကြတာလဲ အမှန်ဆိုစုနေရမှာမဟုတ်ဘူးလား ဘယ်သူကများကန်ထဲကို ဆင်းလိုက်သေးလဲမသိဘူး ဒီလူတွေကတော့ကွာ "

သိန်းလှ ထိုသို့ပြောရင်း ကွက်နေတဲ့ထိုနေရာလေးကို စူးစမ်းစွာအနီးကပ် ငုံ့ကြည့်မိလိုက်သည်။

" အမလေးဗျာ့ လူ လူ လူ ရေ ရေနစ်ပြီးသေ သေနေတယ် "
စွဲရဲ့ခန္ဓာကိုယ်ကို တံတားပေါ်ကနေလှမ်းမြင်နေရသည့်သိန်းလှတစ်ယောက် ခေါင်းကစံပင်များထောင်သွားသည့်အထိအထိတ်ထိတ်အပြာပြာဖြစ်သွားရသည်။ကြည်ပြာရောင် ရေများကြားကစွဲခန္ဓာကိုယ်လေးက ငြိမ်သက်စွာပင်။

" မဖြစ်ဘူး လူ လူခေါ်ရမှာပေါ့ "

" လာ လာ လာ  ဟာဒီပါးစပ်တော့ အရေးအကြောင်းဆို …"
ထစ်နေသည့်ပါးစပ်ကို ခပ်ပြင်းပြင်းလေး တစ်ချက်ရိုက်ရင်းကိုယ့်ကိုကိုယ်ပြောနေမိသည်။
" လာကြပါဦးဗျိုး လာကြပါဦး ကန်ထဲမှာလူတစ်ယောက်သေနေလို့ဗျိုး လာကြပါဦး "
အသံကို အသားကုန်ဟစ်အော်ရင်း အကူအညီတောင်းလိုက်သည်။ သိန်းလှ၏အသံကို ရွာဦးဘုန်းကြီးကျောင်းမှလုပ်အားပေးနေသည့်ရွှာသားတစ်ချို့ကြား၍အပြေးအလွားရောက်လာကြသည်။ နေဇင်နှင့်စိုင်းလည်း အပြေးလေးရောက်လာလေ၏။

လွမ်းမောစရာရွာကလေး(စဆုံး)Tempat cerita menjadi hidup. Temukan sekarang