တစ်ဆယ်

77 7 0
                                    

အပိုင်း(၁၀)

       ထိပ်ထားလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားရင်း လွန်မင်းစွာဒေါသလိုင်းများလိုက်တက်လို့နေလေ၏။ ငယ်စဉ်ကတည်းမှ မည်သူ့ကိုဗိုလ်မထားသည့် ထိပ်ထား။ ဘက်တူရင်ဗိုလ်မထားတက်တဲ့ထိပ်ထားတစ်ယောက်စွဲနဲ့မှဒီလိုဖြစ်ရသည်ကို သူမလုံးဝလက်မခံနိုင်။

" ဒီမှာ စွဲလမ်းသူ မင်းစောင့်ကြည့်နေလိုက် ငါ့မောင်လေးရော ငါချစ်တဲ့သူကိုပါ မင်းဆီကနေ ငါပြန်အရယူပြမယ် စောင့်ကြည့်နေလိုက် "

စွဲ နူတ်ခမ်းကွေးရုံမျှပြုံးချလိုက်သည်။

" အရယူရအောင် စွဲ ကသူတို့တွေကို ကျွန်တော့်ဆီလာပါလာပါလို့ ခေါ်ထားနေလို့လား သူတို့ဖာသာစွဲဆီကို ရောက်လာတာပါနော် အစ်မအဲ့လောက် လင်တရူးနေလဲ ရအောင်သာလု… သွားပြီ "
စွဲ ထိပ်ထားကို မခံနိုင်သည့်စကားလုံးများဖြင့်ထိုးစစ်ရင်း သူမကိုကျောခိုင်းကာထွက်သွားလေတော့သည်။ ထိပ်ထားဘာမျှမပြောလိုက်နိုင်ပါ ။ပြောသွားသည့် စကားများကအရိုက်ကိုထိသွားသည်မဟုတ်ပါလား ။

" မလောက်လေးမလောက်စားကောင်ကများ… ဘုန်းကြီးကျောင်းရောက်နေလို့သာပေါ့ နို့မို့ဆိုမင်းမလွယ်ဘူးမှတ် ဟင်း " ။

နေဇင်အနောက်ဖက်တွင် သွားရောက်ကြည့်ရူလေရာဘာမျှမတွေ့ချေ။ရွှာသားတွေကသူ့အလုပ်ကိုယ့်အလုပ်လုပ်နေကြသည်။နေဇင်စဉ်းစားရကျပ်သွားတယ်။ဘယ်လိုပါလိမ့်။

" ကျော်စွာ …ဟေ့ကောင် "
ထိုထဲမှာကျော်စွာဆိုသည့်လူငယ်တစ်ယောက်ကိုနေဇင်လှမ်းခေါလိုက်သည်။

" ဟမ် နေဇင် ဘာလဲပြောလေ "

" စောနားက ဒီမှာရွှာသားတစ်ချို့ရန်ဖြစ်နေတယ်ဆို ထိပ်ထားကငါ့ကိုလာပြောတယ်ကွ အခုမင်းတို့ဖြေရှင်းလိုက်တာလား "

ကျော်စွာ အကြောင်မိသွားသည်။ နေဇင့်အားနားမလည်သည့်မျက်လုံးများဖြင့်ကြည့်ကြသည်။

" ဟာ ဘယ်ကသာကွာ ဘယ်သူမှရန်မဖြစ်ကြဘူးကွ မင်းဘာလာကြောင်နေတာလဲ နေဇင်ရာ "

" ဟင် ဟုတ်လား အဲ့ဒါဆိုငါ့ကိုခွင့်ပြုဦးကွာ "

နေဇင် အခုတော့မှစဉ်းစားမိသွားသည်။ စွဲနှင့်ထိပ်ထားကျန်ခဲ့သည်မဟုတ်ပါလား ။

လွမ်းမောစရာရွာကလေး(စဆုံး)Where stories live. Discover now