(နေဇင်နောင်+စွဲလမ်းသူ)အရှေ့ဖက်ကနေလုံးကြီးက တဖြည်းဖြည်းနှင့်ကောင်းကင်ပေါ်တက်လာနေ၏။နှင်းမူန်လေးတွေနှင့်အတူ အရုံဦးရဲ့အလှအပဟာတကယ့်ပန်းချီကားတစ်ခုသဖွယ်။သာယာချိုမြိန်စွာတွန်ကျူးနေကြသည့် ငှက်ငယ်လေးများရဲ့တေးဆိုသံလေးတွေကပတ်ဝန်းကျင်တစ်ခုလုံးကိုလုပ်ခတ်နိုးပေးနေသယောင်ယောင်။
ဆောင်းရာသီ အချိန်မို့အချို့သော အချို့သောအိမ်ရှေ့တွင်ထင်းမီးများဖိုရင်း အနွေးဓာတ်ရစေရန်မီးလူံနေကြသည်။
အချို့သောသူများကတော့ လယ်ထဲ ယာထဲသွားရန်ပြင်ဆင်နေကြလေ၏။
ထိုသို့ ထိုသို့သော အလုပ်တာဝန်အသီးသီးဖြင့်ထမ်းဆောင်နေသောထန်းသုံးပင်ရွာလေးရဲ့နံနက်ခင်းအစဟာလွန်စွာကြည်နူးချမ်းမြေ့ဖွယ်ရာအတိ။
ဒါပေမယ့်……………
အိမ်တစ်အိမ်မှာတော့ ထူးထူးခြားခြားအလုပ်ရူပ်နေကြတဲ့ လူနှစ်ယောက်ရှိနေလေရဲ့။
အဲ့ဒီသူနှစ်ယောက်ကတော့…………
" အထွေး ခရမ်းချဉ်သီးကျက်ပြီလား "
" ဟုတ်ကဲ့ အစ်ကိုစွဲ ကျက်ပြီ ငါးဟင်းလည်းကျက်ပြီ "" အေး အေး အဲ့ဒါဆိုဘာဟင်းတွေချက်ဖို့ရှိသေးလဲ "
" အင်း………… အဲ့ဒါပြီးတော့ ဘာရှိသေးလဲဆိုရင်……
အာလူးကြော် ကြော်မယ်လေ အစ်ကိုစွဲ အဲ့ဒါဆိုပြီးပြီ "
"အဲ့ဒါဆို ပြီးပြီလား………
မသိပါဘူး စွဲကလာဟင်းတွေချက်ဦးမလဲလို့  "" ဟင့်အင်းလေ ဘာမှမချက်တော့ဘူး အစ်ကိုစွဲကြည့်ပါဦး
ကြက်သားဘူးသီးချက်ရယ် ခရမ်းချဉ်သီးချက်ရယ် အသီးအရွှက်ကြော်ရယ် အော်……မေ့တော့မလို့ ဝက်သားနဲ့မျှစ်ချဉ်စပ် ပြီးတော့ငါးဟင်း အဲ့ဒါပြီးရင်အာလူးကြော် ဒီလောက်စုံနေပြီကို "" အေးပါ အထွေးရယ် အစ်ကိုကချက်စရာရှိသေးလားလို့မေးတာလေးကို "
" အထွေးကလည်း ပြန်ဖြေတာလေးပါနော် "" ဟို မောင်နှမနှစ်ယောက် ဘာတွေကိုက်နေကြတာတုန်း မနက်စောစောစီးစီး မီးဖိုချောင်ထဲမှာ "
အပေါ်ထပ်လှေကားကနေ ဖြေးဖြေးချင်းဆင်းလာပါသည့် နေဇင်။ အထွေးနဲ့စွဲအဖြစ်ကိုမြင်တွေ့လိုက်ရ ရင်းမေးလိုက်ခြင်းဖြစ်သည်။" ဟာ ကိုကြီးနေဇင်နော် ဘာကိုက်နေကြတာလဲ ဒီမှာအထွေးက အစ်ကိုစွဲနဲ့ဟင်းအမယ်တွေပြောနေကြာတာပါနော် "
" အေးလေ ကိုကိုကလည်း "
YOU ARE READING
လွမ်းမောစရာရွာကလေး(စဆုံး)
Romance''စွဲသိပ်ချစ်တဲ့ကိုနေ့ရွာ'' မြို့ပြရပ်ရွာ တစ်ထွေလာရောက် ဖြောင့်တောင့်ထန်းပင်.ပေါများစမ်းလျှင် သိပ်ကိုပင်လှပ သဘာဝက မှတ်ရစရာ များပြားစွာ။ မျိုးချင်းအိမ်သား တည့်ငြားကုန်ပင် တစ်ယောက်လျှင်သာ ချွင်းချက်ပါလေ သူသေကိုသေ ရန်တွေဖြစ်ဖူး တစ်မူးဘယ်ခါ မေ့မရပါ။ လွမ...