အချစ်ဟာ ဆန်းကြယ်လွန်းပါတယ် စိုင်းဟာ စွဲလေးနဲ့တုန်းကလည်းရင်ခုန်ခဲ့ဖူးပါတယ် ဒါပေမယ့် ဖူးစာမဟုတ်ဘူးလို့ပဲပြောရမှာပေါ့။နောက်ဆုံးမှာတော့ စိုင်းရဲ့နောက်ဆုံးအချစ်နဲ့အချစ်စစ်ဟာ မြို့သားလေး သီဟကိုဖြစ်သလို နေဇင်အသက်ထက်မကချစ်ရပါတဲ့သူကလည်း စွဲ ဖြစ်ပါသည်။သေချာပါတယ် သူတို့မှာဘာအတားအဆီးမှမရှိတော့တဲ့အတွက် ချစ်သူစုံတွဲနှစ်တွဲရဲ့အချစ်ခရီးလမ်းဟာသာယာဖြောင့်ဖြူးတဲ့အချစ်ခရီးလမ်းဖြစ်မယ်ဆိုတာစာရေးသူကျွန်တော်ကိုယ်တိုင်ယုံကြည်မိပါတယ်။စွဲလေးဟာ အခက်အခဲတွေကြားထဲကနေ နေဇင့်ရဲ့အချစ်ကိုအရယူနိင်ခဲ့တယ်။နေဇင်ဟာလည်း သစ္စာကိုမြဲမြန်စွာဆုပ်ကိုင်ထားရင် စွဲပြန်လာမယ့်နေရက်လေးတွေကိုစောင့်မျှော်နေခဲ့ရသူပါ။နောက်ဆုံးမှာ အချစ်သည်သာအောင်နိုင်ရာဖြစ်ခဲ့သည် ချစ်သူစုံတွဲနှစ်တွဲကတော့ ထိုလွမ်းမောစရာရွာကလေးမှာပဲ ထာဝရအသက်ထက်ဆုံး ချစ်ခြင်းမေတ္တာများနှင့်နေထိုင်သွားကြပါတော့တယ်။
သူတို့ရဲ့နေ့ရက်တွေကိုအချစ်နဲ့ရှေ့ဆက် နာရီမိနစ်စက္ကန့်တွေကိုအချစ်နဲ့စီခြယ် အရာရာတိုင်းကိုချစ်ခြင်းများဖြင့်သာ………။
လွမ်းမောစရာ ရွာကလေး ဝတ္ထုလေးကတော့ဤမျှသာပင်။ ဖတ်ရှုအားပေးခဲ့တဲ့စာဖတ်သူတစ်ယောက်ချင်းစီတိုင်း ကျေးဇူးအထူးတင်ရှိပါကြောင်း လွမ်းမောစရာရွာကလေးအဖွဲ့သားအားလုံးနဲ့အတူ နူတ်ဆက်လိုက်ပါတယ်။စာဖတ်သူဒါဒါလေးတွေကိုအရမ်းချစ်တဲ့…ဖြူး(ပိုင်လေးဖြူ)
ESTÁS LEYENDO
လွမ်းမောစရာရွာကလေး(စဆုံး)
Romance''စွဲသိပ်ချစ်တဲ့ကိုနေ့ရွာ'' မြို့ပြရပ်ရွာ တစ်ထွေလာရောက် ဖြောင့်တောင့်ထန်းပင်.ပေါများစမ်းလျှင် သိပ်ကိုပင်လှပ သဘာဝက မှတ်ရစရာ များပြားစွာ။ မျိုးချင်းအိမ်သား တည့်ငြားကုန်ပင် တစ်ယောက်လျှင်သာ ချွင်းချက်ပါလေ သူသေကိုသေ ရန်တွေဖြစ်ဖူး တစ်မူးဘယ်ခါ မေ့မရပါ။ လွမ...